32 C
Yangon

အောင်လံမြို့နယ်၊ ကပစ ၁၅ မှ ကင်းပတ်ရန် ထွက်လာသော စစ်တပ်စစ် ကြောင်းကို တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

Must read

အောင်လံမြို့နယ်၊ ကပစ ၁၅ မှ ကင်းပတ်ရန် ထွက်လာသော စစ်တပ်စစ် ကြောင်းကို တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

ရန်ကုန်၊ မတ် ၁၅

မကွေးတိုင်း၊ အောင်လံမြို့နယ်ရှိ ကပစ ၁၅ မှ ကင်းပတ်ရန် ထွက်လာသော အကြမ်းဖက် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ၉၀၂ တပ်ရင်း တောင်တွင်းကြီးတပ်ခွဲမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၁၃ ရက်နေ့ ည ၈ နာရီ ၄၀ မိနစ်ခန့်အချိန် အောင်လံမြို့ အခြေစိုက် ကပစ ၁၅ မှ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂၅ ဦးခန့်သည် သမ္ဘူလကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကို ကင်းပတ်ရန် ထွက်လာစဉ် တော်လှန်ရေး ပူးပေါင်းအဖွဲ့များက သမ္ဘူလ တိုက်နယ် အတွင်းရှိ ဖောင်ရိုး-အင်းကြီး-ကျွဲခေါင်း ရွာလမ်းဆုံတွင် စောင့်ကြို တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုထိတွေ့ တိုက်ပွဲမှာ ၁၀ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ ၇ ဦးရှိကြောင်း၊ တိုက်ပွဲဖြစ်ပွားရာ နေရာမှ ၅.၅၆ ကျည် ၂ တောင့်၊ MA-2 ကျည်ဘောက် ၁ ခု နှင့် ဦးထုပ် ၁ လုံး သိမ်းဆည်းရရှိခဲ့ကြောင်း၊ တိုက်ပွဲအတွင်း ကပစ ၁၅ မှ အကြမ်းဖက် စစ်တပ်၏ စစ်ကူများ ရောက်ရှိလာသောကြောင့် တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“အောင်လံ ကပစ ၁၅ ကနေ စစ်ခွေး ၂၅ ကောင် သမ္ဘူလကျေးရွာနဲ့ အနီးပတ်ဝန်းကျင်နေရာတွေကို ကင်းပတ်ဖို့ ထွက်လာတဲ့ အချိန် သမ္ဘူလတိုက်နယ်အတွင်းက ဖောင်ရိုး-အင်းကြီး-ကျွဲခေါင်း ရွာလမ်းဆုံမှာ စောင့်ကြို တိုက်ခိုက်ခဲ့တာပါ။ တိုက်ပွဲကြာချိန်က ၁၀ မိနစ်လောက်ရှိတယ်။ စစ်ခွေး ၃ ကောင်သေပြီး ပြင်းထန် ဒဏ်ရာရတဲ့ စစ်ခွေး ၁ ကောင် အပါအဝင် ၇ ကောင် ထိခိုက်ဒဏ်ရာရတယ်လို့ သိရတယ်” ဟု ၉၀၂ တပ်ရင်း တောင်တွင်းကြီးတပ်ခွဲမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို နေပြည်တော် တပ်ရင်း ၉ဝ၂ ၊ နေပြည်တော်တပ်ရင်း ၈ဝ၄ ၊ သရက်ခရိုင် အမှတ် ၁ တပ်ရင်း၊ မကွေးတောင်ပိုင်း ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ (SMPDF) နှင့် အောင်လံ ပကဖ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article