32 C
Yangon

ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီတပ်၏ ပူးလူးတူ စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၁၂ ဦး သေဆုံးပြီး ၁၁ ဦး ထိုင်းဘက်သို့ ထွက်ပြေးသွား၊ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိ

Must read

ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီတပ်၏ ပူးလူးတူ စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၁၂ ဦး သေဆုံးပြီး ၁၁ ဦး ထိုင်းဘက်သို့ ထွက်ပြေးသွား၊ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိ

ရန်ကုန်၊ မတ် ၁၅

ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီတပ်၏ ပူးလူးတူစခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်သား ၁၂ ဦး သေဆုံးကာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦး ထိုင်းဘက်သို့ ထွက်ပြေးသွားကြောင်း KNU ဗဟိုက တရားဝင်သတင်းထုတ်ပြန်သည်။

ယမန်နေ့ မတ်လ ၁၄ ရက်နေ့ KNU အုပ်ချုပ်မှုနယ်မြေ ၊ လှိုင်းဘွဲ့မြို့နယ် စစ်ကောင်စီတပ်က တပ်စွဲထားသော ခလရ ၃၁ ပွိုင့် ၁၂၄၈ ပူးလူးတူ ခြေကုပ်စခန်းကို KNLA တပ်မဟာ ၇ ၊ ကရင်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (KNDO) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ အဆိုပါ စခန်းသိမ်းတိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦး သေဆုံး၍ ၁၁ ဦး ထိုင်းဘက်သို့ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း သိရှိရသည်။

ထိုင်းနိုင်ငံဘက်အခြမ်းသို့ ထွက်ပြေးလွတ်မြောက်သူ စစ်သား ၁၁ ဦးအနက် စစ်သား ၃ ဦးမှာ ဒဏ်ရာရရှိထားကြောင်း၊ ၎င်းတို့နှင့်အတူ အတူ လက်နက်ငယ် ၂ လတ် နဲ့ လက်ပစ်ဗုံး ၁ လုံး အတူပါရှိ လွတ်မြောက်သွားခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်၏ ပူးလူးတူးစခန်းသိမ်းတိုက်ပွဲတွင် KNLA ဘက်မှ ရဲဘော် ၆ ဦး ဒဏ်ရာရရှိ၍ ၃ ဦးမှာ ကျဆုံးခဲ့ရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article