32 C
Yangon

Khit Thit သတင်းဌာန၏ မတ် ၁၅ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ မတ် ၁၅ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မတ် ၁၅ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

-မန္တလေးတိုင်း စဉ့်ကူးမြို့နယ်မှာရှိတဲ့ လက်ပံလှကျေးရွာကို အကြမ်းဖက် စစ်ကောင်စီတပ်က လေယာဉ် နဲ့ လာပြီး ဗုံးကျဲတိုက်ခိုက်မှုကြောင့် သေဆုံးသူအရပ်သားပြည်သူ ၂၇ ဦးထဲမှာ ရုပ်အလောင်း ပျက်စီး သူတွေလည်း ပါဝင်နေပြီး ကျန်ရှိနေတဲ့ ရုပ်အလောင်းတွေကို ထပ်မံရှာဖွေနေသလို ၊ သေဆုံးသူ ထပ်တိုးလာနိုင်ဖွယ်ရှိတယ်လို့ စဥ့်ကူးမြို့နယ် ပကဖ သတင်း တာဝန်ခံက ရန်ကုန်ခေတ်သစ် ကိုပြောပါတယ်။

-ကရင်နီပြည်နယ်အစပ်က မိုးဗြဲမြို့နယ်မှာစစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခြေမှုန်းရာမှာ စစ်ကောင်စီတပ်သား ၁၅ ဦးကတော့ အသီးသီး‌သေကုန်ကြပြန်တဲ့အပြင် လက်နက် ၉ လက်ကိုပါ တော်လှန်ရေးတပ်တွေက သိမ်းဆည်း ရရှိထားပြီး စစ်ကောင်စီတပ်တွေစစ်ကြောင်းကတော့ ပြန်ဆုတ်ပြေးသွားကြတယ်လို့ KNDF က သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းတိုင်း ၊ ရွှေဘိုမြို့ကနေ ရိက္ခာထုတ်ပြီး ပြန်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားတွေ လိုက် ပါလာတဲ့ကားဟာ လမ်းဘေးထိုးကျသွားပြီးနောက် စစ်သားတွေအကုန်လုံးထွက်ပြေး သွားကြတဲ့အတွက် သူတို့ကျန်ခဲ့တဲ့ ကားတစ်စီးနဲ့ စာသုံးဆီပုံးတွေပါ သိမ်းဆည်း ရရှိထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article