ဘန်ကောက်မိုးပျံအမြန်လမ်း ပြိုကျမှုတွင် မြန်မာအလုပ်သမား ၂ ဦးသေဆုံး
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ တည်ဆောက်နေတဲ့ မိုးပျံအမြန်လမ်း ဒီကနေ့ မနက်အစောပိုင်းမှာ ပြိုကျမှု ဖြစ်ပွားခဲ့ပြီး အဲဒီ အမြန်လမ်းမ ပြိုကျမှုမှာ မြန်မာအလုပ်သမား၂ ဦးသေဆုံးခဲ့ပါတယ်။
ဒီနေ့ မတ်လ ၁၅ ရက်နေ့ မနက် ၂ နာရီဝန်းကျင်မှာ ဘန်ကောက် ရာမ ၂ မိုးပျံအမြန်လမ်းမစီမံကိန်းရဲ့ ချောင်သွမ် ခရိုင်ထဲက အစိတ် အပိုင်း တစ်ခုပြိုကျ ခဲ့တာဖြစ်ပါတယ်။
ထိုင်းအာဏာပိုင်တွေရဲ့ အခုနောက်ဆုံး ထုတ်ပြန်ချက်အရ ထိုင်းလူမျိုး အလုပ်သမား ၃ ဦးနဲ့ မြန်မာနိုင်ငံသား အလုပ်သမား ၂ ဦး သေဆုံးခဲ့ပြီး သေဆုံးသူ မြန်မာ ၂ ဦးကတော့ ကိုဇင်ကိုအောင် နဲ့ ကိုနိုင်လင်း အောင်တို့ဖြစ်ပါတယ်။
ဘန်ကေက်မြို့ မိုးပျံလမ်း ပြိုကျမှုမှာ မြန်မာအလုပ်သမား ၂ ဦးနဲ့ ထိုင်းနိုင်ငံသား ၃ ဦး စုစုပေါင်း ၅ ဦး သေဆုံးပြီး ၂၉ ဦး ထိခိုက်ဒဏ်ရာရရှိထားပါတယ်။
၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၉ ရက်နေ့တုန်းကလည်း အဲဒီ လမ်းစီမံကိန်းမှာ ကွန်ကရစ်တုံး အပိုင်းလိုက် ပြုတ်ကျမှုကြောင့် ဆောက် လုပ်ရေးလုပ်သား ၆ ဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာရခဲ့ပါသေးတယ်။


