29 C
Yangon

အုတ်ဖိုအပိုင် ပဲခူးရိုမအတွင်း စစ်တပ်က စစ်ကြောင်းထိုးနေ၍ တိုက်ပွဲများ ပြင်းထန်လာနိုင်ပြီး သစ်ခိုးထုတ်နေသူများကိုလည်း အရေးယူနိုင်ရန် PDF တပ်ဖွဲ့က သွားလာခွင့်များ ပိတ်ပင်လိုက်

Must read

အုတ်ဖိုအပိုင် ပဲခူးရိုမအတွင်း စစ်တပ်က စစ်ကြောင်းထိုးနေ၍ တိုက်ပွဲများ ပြင်းထန်လာနိုင်ပြီး သစ်ခိုးထုတ်နေသူများကိုလည်း အရေးယူနိုင်ရန် PDF တပ်ဖွဲ့က သွားလာခွင့်များ ပိတ်ပင်လိုက်

ရန်ကုန်၊ မတ် ၁၆

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ် အပိုင် ပဲခူးရိုမအတွင်း အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးနေ၍ တိုက်ပွဲများ ပြင်းထန်လာနိုင်ပြီး သစ်ခိုးထုတ်နေသူများကိုလည်း အရေးယူနိုင်ရန် သွားလာခွင့်များ ပိတ်ပင်လိုက် ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ မတ်လ ၁၆ ရက်နေ့မှ စတင်၍ အုတ်ဖိုမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းရှိ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့၏ စစ်ဆင်ရေးနယ်မြေအတွင်း အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးခြင်းများ လုပ်ဆောင်လာသောကြော်င့ စစ်ဆင်ရေးအရှိန် မြင့်တက်လာမည်ဖြစ်၍ မော်တော်ယာဥ်၊ သုံးဘီး၊ ဆိုင်ကယ်၊ ကျွဲနှင့် နွားများ သွားလာခွင့်ကို တားမြစ်လိုက်ကြောင်း သိရသည်။

ထိုသို့ တားမြစ်ခြင်းသည် စစ်ဆင်ရေးများ အ​ကြား ပြည်သူများ မထိခိုက်စေရန်နှင့် သစ်တော သယံဇာတများကို တရားမဝင် ခိုးထုတ်မှုများ ထိထိရောက်ရောက် အရေးယူနိုင်ရန် အတွက်ဖြစ်ပြီး ပြည်သူများအနေဖြင့် ထုတ်ပြန်ချက်ကို လိုက်နာပေးကြရန် သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

တော်လှန်ရေး တပ်ဖွဲ့များသည် သစ်တော သယံဇာတများကို ကာကွယ် ထိန်းသိမ်းနေပြီး အကြမ်းဖက် စစ်ကောင်စီအတွတ် ဝင်ငွေ ရှာဖွေပေးနေသည့် တရားမဝင် သစ်ခိုးထုတ်မှုများကို ဖမ်းဆီး အရေးယူနေကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။

ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များဖြစ်သည့်အတွက် ဂိတ်ကြေး (ဆက်ကြေး) ကောက်ခံခြင်း၊ သစ်ခိုးထုတ်ခြင်းများ လုံးဝ (လုံးဝ) လုပ်ဆောင်ခြင်း မရှိကြောင်း နှင့် အခြား တော်လှန်ရေး အဖွဲ့အစည်းများ လုပ်ဆောင်ခြင်းကိုလည်း လက်မခံကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article