31 C
Yangon

မုံရွာ-မန္တလေး လမ်းပိုင်းသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ တပ်သားများကို လိုက်လံ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရ

Must read

ရန်ကုန်၊ မတ် ၁၉

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေး လမ်းပိုင်းသို့ စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို လိုက်လံ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၃ ဦး သေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လျှပ်စီးတပ်ခွဲ ၊ မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း ၊ တပ်ခွဲ-၃ မှ ကိုမိုးကြိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ် လ ၁၆ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ ခန့်တွင် ချောင်းဦးမြို့ နယ်၊ နတ်ရေကန် အကြမ်းဖက် စစ်တပ် စခန်းမှ အင်အား ၆၀ ခန့်ဖြင့် ထွက်လာသော စစ်တပ် စစ်ကြောင်းနှင့် ချောင်းဦးမြို့ အတွင်းမှ ထွက် ခွာလာသာ အင်အား ၄၀ ခန့်ပါ စစ်ကြောင်း တို့သည် မုံရွာ- မန္တလေး လမ်းမကြီးအတိုင်း ခြေလျင် စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ကြောင်း သိရသည်။

ယင်း စစ်ကြောင်းသည် ချောင်းဦးမြို့ အရှေ့ဘက် ၂ မိုင် ခန့် အကွာသို့ ရောက်ရှိလာစဉ် တော်လှန်ရေး ရဲဘော်များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သားများ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့သို့ တိုက်ခိုက်ခံရပြီးနောက် ဖရိုဖရဲ ထွက်ပြေးနေသော စစ်ကောင်စီ တပ်သားများသည် စစ်ကြောင်းကို ပြန်လည် စုဖွဲ့နေစဉ် တော်လှန်ရေး ရဲဘော်များက ဒရုန်းဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ယင်း တိုက်ခိုက်မှု အတွင်းတွင်လည်း စစ်တပ် ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း သိရှိရသည်။

ဒရုန်းဖြင့် လိုက်လံ ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် နီးစပ်ရာ အဆောက်ဦးတစ်ခုအတွင်း စစ်ကောင်စီ တပ်သားများ ဝင်ရောက် ပုန်းအောင်းနေစဉ် တော်လှန်ရေး ရဲဘော်များက RPG ၁ လုံး ၊ ၄၀ မမ ဗုံးသီး ၄ လုံး ပစ်သွင်း တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု များပြားခဲ့ကြောင်း သိရှိရသည်။

ယင်းစစ်ကြောင်းနှင့် တော်လှန်ရေး တပ်ဖွဲ့များ ၁ နာရီ ကျော်ကြာ တိုက်ပွဲ ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် မုံရွာ-မန္တလေး လမ်းပိုင်းတွင် သွားလာနေသော ပြည်သူပိုင် ကားများကို တားဆီး၍ ချောင်းဦးမြို့ အတွင်းနှင့် နတ်ရေကန် စစ်တပ် အထိုင်စခန်းကို ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။

” စစ်ခွေး ၃ ကောင်သေတယ်။ ၁၀ ကောင် ဒဏ်ရာရတယ်လို့ သိရပါတယ်။ မိုင်းဆွဲတာက ချောင်းဦးက ထွက်လာတဲ့ စစ်ကြောင်းပါ။ မိုင်း ၇ လုံး အတွဲပါ။ မိုင်းဆွဲပြီးနောက် အခြား တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်တာပါ။ ဟုတ်ပါတယ်။ နှစ်နေရာ စုစုပေါင်းပါ။ ဒရုန်း ဗုံးသီးအလုံး ၂၀ နဲ့တိုက်ခိုက်ခဲ့တာပါ။ သေဆုံးကတော့ ၃ ယောက်ပဲပေါ့။ ၁၀ ယောက်လောက်ကတော့ ဒဏ်ရာရတာရှိတယ် ခြေပြတ် လက်ပြတ်တွေ များတယ်လို့ သတင်းရရှိတယ်။ စစ်ခွေးတွေဘက်ကတော့ မအူဘက်ကနေပြီးတော့ ဟောင်ဝှစ်ဇာနဲ့ ပစ်ကူပေးတာတော့ရှိတယ်။ နောက်ပြီးတော့ ၆၀ ပြောင်ရှည်နဲ့ လှမ်းပစ်တာမျိုးရှိတယ်။ စစ်တပ်လေထီး ၂ စီးလည်း ဗုံးကျဲပြီး တိုက်ခိုက်သွားမျိုးတွေလည်း ရှိပါတယ်”ဟု လျှပ်စီးတပ်ခွဲ ၊ မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း ၊ တပ်ခွဲ-၃မှ ကိုမိုးကြိုးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို လျှပ်စီးတပ်ခွဲ၊ မုံရွာခရိုင် ပ.က.ဖ ဒရုန်းလက်ရုံးတပ်ဖွဲ့၊ ငမိုးရိပ်စစ်ကြောင်း ( မုံရွာခရိုင် ပ.က.ဖ လက်ရုံး စစ်ကြောင်း)၊ Nway Oo Brothers Columnတို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article