30 C
Yangon

လန်ဒန်မြို့ရှိ ရုရှားသံရုံးရှေ့တွင် ရုရှားအစိုးရ၏ မင်းအောင်လှိုင်နှင့် မြန်မာစစ်တပ်အား ထောက်ပံ့နေမှုရပ်တန်ပေးရန် တောင်းဆိုဆန္ဒပြ

Must read

လန်ဒန်မြို့ရှိ ရုရှားသံရုံးရှေ့တွင် ရုရှားအစိုးရ၏ မင်းအောင်လှိုင်နှင့် မြန်မာစစ်တပ်အား ထောက်ပံ့နေမှုရပ်တန်ပေးရန် တောင်းဆိုဆန္ဒပြ

ရန်ကုန်၊ မတ် ၁၉

လန်ဒန်မြို့ရှိ ရုရှားသံရုံးရှေ့တွင် ယူကေရောက်တော်လှန်ရေး မိသားစုများက ရုရှားအစိုးရ၏ မင်းအောင်လှိုင်နှင့် မြန်မာစစ်တပ်အား ထောက်ပံ့နေမှုရပ်တန်ပေးရန် မတ်လ ၁၉ ရက်နေ့တွင် တောင်းဆိုဆန္ဒပြခဲ့ကြကြာင်း သိရှိရသည်။

ရုရှားအစိုးရ၏ မင်းအောင်လှိုင်နှင့် မြန်မာစစ်တပ်အား ထောက်ပံ့နေမှုကြောင့် မြန်မာပြည်သူများနေ့စဉ်နှင့် အမျှ ဗုံးကြဲသတ်ဖြတ်ခံနေရကြောင်း၊ကျောင်းများ ဆေးရုံများ စျေးများကို ပစ်မှတ်ထား တိုက်ခိုက်နေမှုကြောင့် ကလေးငယ်များအပါအဝင် အပြစ်မဲ့ပြည်သူ ထောင်နှင့်ချီ၍ သေဆုံးနေကြောင်း၊ ရုရှားအစိုးရသည် မြန်မာပြည်သူတို့ ဆန္ဒကို ဆန့်ကျင်လျက် မင်းအောင်လှိုင်နှင့် အပေါင်းပါတို့ကိုထောက်ခံ ပံ့ပိုးနေခြင်းအား ချက်ချင်းရပ်ဆိုင်းပေးပါရန်နှင့် မြန်မာပြည်တွင် နျူးကလီးယား ပါဝါပလန့် လုပ်ရန်အစီအစဉ်ကိုလည်း ပြည်သူများက လက်သင့်ခံမည်မဟုတ်ကြောင်း ကြွေးကြော်သံများ၊လက်ကိုင် ပိုစတာများဖြင့် ဆန္ဒပြခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article