24 C
Yangon

ဗိုလ်မှူးကြီးဗထူး ကျဆုံးခြင်း (၇၇)နှစ်မြောက် အောက်မေ့ဖွယ်အခမ်းအနား ပြုလုပ်

Must read

ရန်ကုန်၊ ဇွန် ၂

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ လေးသွန်းခံကျေးရွာရှိ ဗိုလ်မှူးကြီးဗထူးပန်းခြံ၌ ယနေ့ ဇွန်လ ၂ ရက်နေ့ နံနက်ပိုင်း ဒေသအတွင်းရှိ တော်လှန်ရေးအင်အားစုတွေပူးပေါင်းပြီး ဗိုလ်မှူးကြီးဗထူး ကျဆုံးခြင်း (၇၇)နှစ်မြောက် အောက်မေ့ဖွယ်အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါတယ်။

အဲဒီအခမ်းအနားသို့ လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ နှင်းဆ်ီရောင်အမျိုးသမီးများသမဂ္ဂ (ထားဝယ်)၊ Dawei LGBT Community၊ လောင်းလုံးမြို့နယ်လုံးဆိုင်ရာ အခြေခံပညာကျောင်းသားများသမဂ္ဂ၊ သရက်ချောင်းမြို့နယ် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ၊ လောင်းလုံးမြို့နယ် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ၊ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီတို့မှ ကိုယ်စားလှယ်များနှင့် ပြည်သူအချို့ တက်ရောက်ခဲ့ကြပါတယ်။

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ လေးသွန်ခံကျေးရွာဇာတိ ဗိုလ်မှူးကြီးဗထူးဟာ ၁၉၄၂ ခုနှစ်တွင် ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA)သို့ စတင်ဝင်ရောက်ခဲ့ပြီး လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ရင်း ၁၉၄၅ ခုနှစ်၊ ဇွန်လ (၂)ရက်နေ့တွင် ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ တာလူးစခန်းမှာ ကျဆုံးခဲ့ပါတယ်။

ဗိုလ်မှူးကြီးဗထူးက ဖက်ဆစ်ဂျပန်တော်လှန်ရေးမှာ ရှေ့တန်းက ဦးဆောင်ပါဝင်ခဲ့တဲ့ BIA ခေါင်းဆောင်တစ်ဦးလည်းဖြစ်ပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article