28 C
Yangon

ထီးလင်းမြို့နယ်၊ အဘယ်ဘန်းရွာထဲကို ပြည်သူများ အိပ်မောကျချိန် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၄ ဦးသေဆုံးပြီး ၂၀ ကျော် ထိခိုက်ဒဏ်ရာရကာ နေအိမ်အများအပြားပျက်စီး

Must read

ထီးလင်းမြို့နယ်၊ အဘယ်ဘန်းရွာထဲကို ပြည်သူများ အိပ်မောကျချိန် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၄ ဦးသေဆုံးပြီး ၂၀ ကျော် ထိခိုက်ဒဏ်ရာရကာ နေအိမ်အများအပြားပျက်စီး

ရန်ကုန်၊ မတ် ၂၀

မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ အဘယ်ဘန်းရွာထဲကို ပြည်သူများ အိပ်မောကျချိန် အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၄ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်း ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၂၀ ရက်နေ့ နံနက်အစောပိုင်း ၂ နာရီခန့်တွင် ထီးလင်းမြို့နယ်၊ အလယ်ဘန်းရွာထဲကို ပြည်သူများ အိမ်မောကျချိန် အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ကျေးရွာနေ ပြည်သူ သက်ကြီးရွယ်အို အမျိုးသား ၁ ဦး ၊ အမျိုးသမီး ၁ ဦးနှင့် ကျောင်းသူ ၂ ဦး စုစုပေါင်း ၄ ဦးသေဆုံးကာ ပြည်သူ ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း နေအိမ် ၄ လုံး မီးလောင်ပြာကျခဲ့ပြီး နေအိမ် ၁၂ လုံးပျက်စီးကာ ကျန်နေအိမ် အလုံး ၄၀ ကျော်မှာ အမိုးများပွင့်ထွက် ပျက်စီးခဲ့ကြောင်း၊ ပြည်သူများ မွေးမြူထားသော နွား၊ ဝက် ၁၀ ကောင်ကျော်သေဆုံးပြီး အကောင် ၂၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရသည်။

“ထိခိုက်ဒဏ်ရာရရှိသူ ၂၀ ကျော်ရှိတယ်။ သေဆုံးတာ ၄ ဦးရှိတယ်။ နေအိမ်အများအပြားလည်း ပျက်စီးသွားတယ်။ လေယာဉ်က ရွာထဲကို ကျဲချတာ အများပြည်သူ အိပ်မောကျချိန်ကို တိုက်ခိုက်သွားတာ” ဟု ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်ကောင်စီသည် ယောဒေသ အတွင်း လေကြောင်းဖြင့် နေ့စဉ် ရက်ဆက် အပြင်းအထန် ချေမှုန်းတိုက်ခိုက်လျက်ရှိသောကြောင့် ပြည်သူများအနေဖြင့် လေကြောင်း အန္တရာယ် ကင်းနိုင်သော နေရာနှင့် ပုန်းခို ကျင်များ အနီးတွင်သာ အိပ်စက်ကြရန် ထီးလင်း ပကဖ က အသိပေး မေတ္တာရပ်ခံထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article