28 C
Yangon

Non-CDM ဝန်ထမ်းများ တော်လှန်ရေးတပ်များ၏ ဖမ်းဆီးမှု မခံရစေရေး သတိပြုရန် စစ်ကောင်စီက ညွှန်ကြားမှုများ ဆက်တိုက် လုပ်နေ

Must read

Non-CDM ဝန်ထမ်းများ တော်လှန်ရေးတပ်များ၏ ဖမ်းဆီးမှု မခံရစေရေး သတိပြုရန် စစ်ကောင်စီက ညွှန်ကြားမှုများ ဆက်တိုက် လုပ်နေ

ရန်ကုန်၊ မတ် ၂၀

နေပြည်တော် အပါအဝင် နိုင်ငံတစ်ဝန်းလုံးမှ Non-CDM ဝန်ထမ်းများအနေဖြင့် တော်လှန်ရေးတပ်များ၏ ဖမ်း ဆီးမှု မခံရစေရေး သတိပြုကြရန် စစ်ကောင်စီက ညွှန်ကြားမှုများ ဆက်တိုက် လုပ်နေကြောင်း နေပြည်တော်ဝန်ထမ်းသတင်းရင်းမြစ်က ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက ဇန်နဝါရီလအတွင်း လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ကော်မတီ အစည်းအဝေး ပြုလုပ်ခဲ့ပြီး ယင်းအစည်းအဝေးတွင် ဝန်ထမ်းများအနေဖြင့် တော်လှန်ရေးတပ်ဖွဲ့များ၏ ဖမ်းဆီးမှု မခံရစေရေး စဉ်ဆက်မပြတ် အသိပညာပေးရန်၊ ဆောင်ရန်နှင့်ရှောင်ရန်များကို တောက် လျှောက် ညွှန်ကြားရန် အမိန့် ထုတ်လာခြင်းဖြစ်သည်။

စစ်ကောင်စီလက်အောက်ခံ ဝန်ကြီးဌာနများအနေဖြင့် မိမိတို့၏ ဝန်ထမ်းများကို တော်လှန်ရေးအဖွဲ့များက ဖမ်း ဆီးခေါ်သွားခြင်း၊ ပြန်လည် လွတ်မြောက်လာခြင်း အပါအဝင် ထူးခြားဖြစ်စဉ်များကို အချိန်နှင့်တပြေးညီ သတင်းပို့ရန်ကိုလည်း ဌာနဆိုင်ရာများအားလုံးသို့ စစ်ကောင်စီက ညွှန်ကြားချက် ထုတ်ပြန်သည်။

လတ်တလော စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများမှာ တော်လှန်ရေးတပ်များ၏ ဖမ်းဆီးမှုများကို ဆက်တိုက် ခံနေရပြီး ယင်းသို့ ဖမ်းဆီးခံရမှုများအတွက် ဌာနဆိုင်ရာ ဝန်ထမ်းအကြီးအကဲများကို စစ်ကောင်စီက အရေးယူမှုများ ဆက်တိုက် လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် Aung San’s Land Natmaukက ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၂၆၂ တွင် ရှောင်တခင် ဖမ်းဆီးစစ်ဆေးရာ မီးသတ်ဦးစီးဌာနမှ ညွှန်မှူး ရွှေဘနှင့် ဒေါ်ခင်နွဲ့ရွှေတို့ကို ဖမ်းဆီးရရှိခဲ့ကြောင်း၊ အလားတူ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၂၆၂ ဝန်းကျင်တွင် စစ်ကောင်စီ၏ ထောက်ပို့တပ်မှ တပ်ကြပ် ၁ ဦး၊ ပျူစောထီး ၁ ဦး၊ ကပစ စစ်သား ၁ ဦး နှင့် ဗိုလ်ကြီး တစ်ဦး၏ ဇနီးဖြစ်သူ ဒေါ်ယယုယုခိုင်တို့ကိုလည်း ဖမ်းဆီးရရှိခဲ့ကြောင်း သိရှိရသည်။

အလားတူ ဇန်နဝါရီလအတွင်းကလည်း ရန်ကုန်-မန္တလေး အမြန်လမ်းအနီး နတ်မောက်-ပျော်ဘွယ်လမ်းပေါ်တွင် စစ်ကောင်စီလက်အောက်ခံ Non-CDM ဆောက်လုပ်ရေးဝန်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး သန်းထွန်းကို တော်လှန်ရေးတပ်များက ဖမ်းဆီးသွားခဲ့ကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနကြီးကြပ်ရေးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး သန်းထွန်းသည် မွေးရပ်ဇာတိ ရွှေတောင်မှ တာဝန်ကျရာ တောင်ကြီးသို့ အသွားတွင် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article