မြင်းခြံမြို့နယ်၊ ကံဆင့်ရွာကို စစ်တပ်က အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး နေအိမ်များ မီးလောင်ပြာကျ
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကံဆင့်ရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး လေယာဉ်ဖြင့်ပါ ဗုံးကျဲ တိုက် ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦး သေဆုံးကာ နေအိမ်များ မီးလောင်ပြာကျခဲ့ကြောင်း မြင်းခြံမြို့နယ် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၂၀ ရက်နေ့ ည ၁၁ နာရီ ၁၀ မိနစ်ခန့်အချိန် မြင်းခြံမြို့နယ်၊ ကံဆင့်ရွာကို အကြမ်းဖက် စစ်တပ်က ဟောင်ဝှစ်ဇာ လက် နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ သို့ ပစ်ခတ်ပြီးနောက် လေယာဉ်ဖြင့်ပါ ဗုံးကျဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကျေးရွာနေပြည်သူ အသက် ၄၀ နှစ်အရွယ် ဦးလှကို သည် ပွဲချင်းပြီးသေဆုံးခဲ့ပြီး နေအိမ်များလည်း မီးလောင်ပျက်စီးခဲ့ရသည်။
“စစ်ခွေးတွေက ကံဆင့်ရွာထဲကို လက်နက်ကြီးတွေနဲ့ အရင်ပစ်တာ ဟောင်ဝှစ်ဇာ လက်နက်ကြီး ၅ လုံးလောက်ရှိတယ်။ အဲလို လက်နက်ကြီးတွေနဲ့ ပစ်ပြီးတဲ့ အချိန် ဗုံးခိုကျင်းမှာ ပုန်းနေတဲ့ ဦးလှကိုက နေအိမ်အပြင်ကို ထွက်အကြည့်မှာ လေယာဉ်က သူ့အိမ်အပေါ် တည့်တည့်ကို ကျဲချသွားတာ နေအိမ်ပါ ပြိုကျပြီး ဦးလှကို ပွဲချင်းပြီးသေ ဆုံးတယ်။ ဘေးပတ်ဝန်ကျင်က နေအိမ်တွေလည်း မီးလောင် ပြာကျတာတွေရှိတယ်” ဟု မြင်းခြံမြို့နယ် ပကဖ မှ တာဝန်ရှိသူက ပြောဆိုသည်


