By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇွန် ၃ ရက် မနက်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့
-ကရင်နီပြည်နယ်၊ဖရူဆိုမြို့နယ် ထားလဲနဲ့ နန်းဖဲကျေးရွာတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က သေဆုံးသူများ ပြားပြီး စစ်ကားနှစ်စီးအပါအဝင် လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။
– မန္တလေး၊ စစ်ကိုင်းနဲ့ အမြန်လမ်းအပါအဝင်မြို့ကြီးတွေမှာ စစ်တပ်က ပြည်သူတွေကို အပြစ်မရှိဘဲ အကြောင်းမဲ့ ဖမ်းဆီးပြီး ငွေညှစ်မှုတွေ၊ စခန်းခေါ် ရိုက်နှက်ညှဉ်းပန်းမှုတွေ ဆက်တိုက်ဖြစ် ပေါ်နေတယ်လို့ ဒေသခံတွေက ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောပါတယ်။
– မကွေးတိုင်း ဂန့်ဂေါမြို့နယ် ကျောမြို့ကနေဂန့်ဂေါကို ဦးတည်လာတဲ့ စစ်ကောင်စီယာဉ်တန်းနဲ့ စစ်ကူလာတဲ့ယာဉ်တန်းကို ဇွန်လ ၂ရက် မနက်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က အရာရှိ အပါအဝင် စစ်သား ၃၀လောက်သေဆုံးနိုင်တယ်လို့ ယောဒေသကာကွယ်ရေးတပ်(YDF)က သတင်း ထုတ်ပြန်ပါတယ်။
– ကေအဲန်ယူထိန်းချုပ်နယ်မြေ ဒူးသထူ(သထုံ)ခရိုင်ထဲမှာ KNLA တပ်မဟာ ၁ နဲ့ စစ်ကောင်စီ BGF တပ်တို့အကြား တစ်လတာအတွင်းဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က (၇၁)ဦးသေဆုံး တဲ့သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။