28 C
Yangon

တောင်ငူတွင် ငလျင်ဒဏ်ကြောင် အဆောက်အအုံများပြိုကျပျက်စီးသွားပြီး သေဆုံးသူ ၁၄ ဦးအထိ ရှိလာကာ သေဆုံးသူ အရေအတွက်တိုးနေ

Must read

တောင်ငူတွင် ငလျင်ဒဏ်ကြောင် အဆောက်အအုံများပြိုကျပျက်စီးသွားပြီး သေဆုံးသူ ၁၄ ဦးအထိ ရှိလာကာ သေဆုံးသူ အရေအတွက်တိုးနေ

ရန်ကုန်၊ မတ် ၂၈

ပဲခူးတိုင်း တောင်ငူမြို့တွင် ငလျင်ဒဏ်ကြောင် အဆောက်အအုံများပြိုကျပျက်စီးသွားပြီး သေဆုံးသူ ၁၄ ဦးအထိ ရှိကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

မတ်လ ၂၈ ရက်နေ့ မွန်းလွှဲ ၁၂ နာရီ ၅၁ မိနစ် ဝန်းကျင်တွင် အင်အား ၇.၇ အဆင့်ရှိ အင်အားပြင်းထန်လွန်းသည့် ငလျင် လှုပ်ရှားသွားခဲ့ပြီး နောက်ဆက်တွဲ ငလျင်များလည်း ဆက်တိုက် လှုပ်ရှားခဲ့ပြီး မြန်မာနိုင်ငံအနှံ့ထိခိုက်ပျက်စီးမှုများ များပြားခဲ့ခြင်းဖြစ်သည်။

ထိုသို့ အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် မြန်မာနိုင်ငံ အနှံ့ ပျက်စီးဆုံးရှုံးများ များပြား‌နေသည့် အထဲတွင် အစ္စလာမ်ဘာသာဝင်များ ဝတ်ပြုဆုတောင်းရာ ဗလီများလည်း အများအပြား ပါဝင်ကြောင်း၊ ငလျင်လှုပ်ခတ်ရာ အချိန်သည် ဘုရားဝတ်ပြုချိန်ဖြစ်သည့်အပြင် အစ္စလာမ်ဘာသာဝင်တို့၏ ဥပုဒ်လလည်း ဖြစ်သည့်အတွက် ဗလီအတွင်း လူများ ပိုမို စုဝေးနေကြခြင်းဖြစ်ကြောင်း အစ္စလာမ်ဘာသာဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article