ရန်ကုန်၊ ဇွန် ၃
လောင်းလုံးမြို့နယ် လုံးဆိုင်ရာ အခြေခံပညာ ကျောင်းသားများ သမဂ္ဂမှ ဦးဆောင်ပြီး LGBTများ၊ ကျေးရွာ အသီးသီးမှ ပြည်သူများပူးပေါင်းကာ ယနေ့ ဇွန်လ ၃ ရက်နေ့တွင် “ပြည်သူကြွေးကြော်သံဖြင့်အာဏာရှင်ကြောက်ဒူးတုန်စေရမည်” စာတန်း ကိုင်ဆောင်ကာ အကြမ်းဖက် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။