36 C
Yangon

Khit Thit သတင်းဌာန၏ မတ် ၂၉ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ မတ် ၂၉ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မတ် ၂၉ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

မြန်မာနိုင်ငံမှာ ပြင်းထန်တဲ့ ငလျင်လှုပ်ခတ်မှုရဲ့ နောက်ဆက်တွဲအနေနဲ့ ထိခိုက်သေဆုံးသူ အရေ အတွက်တွေဟာ တဖြေးဖြေးမြင့်တက်လာပြီး အဲဒီထဲမှာ မန္တလေး Sky Villa ကွန်ဒိုပြိုကျမှုအတွင်း သုခဒိုင်းမွန်းစိန်တိုက်ပိုင်ရှင် ဒေါ်မိုးသီတာရွှေ နဲ့ မိသားစုဝင်တွေလည်း သေဆုံးသွားပြီလို့ သုခဒိုင်းမွန်းစိန်တိုက်က တရားဝင် သတင်းထုတ်ပြန်ထားပါတယ်။

မန္တလေးမြို့မှာ ကြီးမားတဲ့ ငလျင်ဒဏ်ကြောင့် ပြိုကျခဲ့တဲ့ ဦးလှသိန်း သာသနာ့ ဗိမာန်အတွင်း စာမေးပွဲ ဖြေနေကြတဲ့ သံဃာတော် အပါး ၈၀ ကျော်လည်း ပြိုကျတဲ့အထဲမှာ ပိတ်မိရင်းနဲ့ ပျံလွန်တော်မူသွားပြီလို့ ကျောင်းတိုက်နေ သံဃာတော်တွေက ပြောပါတယ်။

-စစ်ကိုင်းတိုင်းမှာလည်း ပြင်းထန်တဲ့ ငလျင်လှုပ်ခတ်မှုရဲ့ နောက်ဆက်တွဲအနေနဲ့ စစ်ကိုင်းမြို့ တစ်မြို့လုံး ၈၀ ရာခိုင်နှုန်းလောက်အထိ ပြိုကျပျက်စီးသွားပြီး သေဆုံးသူ စာရင်းဟာ ရာနဲ့ချီရှိနိုင်တဲ့အပြင် လက် တလောအတည်ပြိုလို့ရတဲ့ အရေအတွက်တင် သေဆုံးသူဟာ အယောက် ၅၀ နီးပါးရှိနေပြီ ဖြစ်သလို လက်ရှိမှာ ကယ်ဆယ်ရေးလုပ်မည့်သူလည်း မရှိပဲ မီးသတ်ဌာနတစ်ခုလုံးလည်း ပြိုကျပျက်စီးနေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article