Khit Thit သတင်းဌာန၏ ဧပြီ ၈ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
ဒီကနေ့ ဧပြီ ၈ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-ရန်ကုန်မြို့မှာ အကြမ်းဖက် မင်းအောင်လှိုင်မိသားစုရဲ့ အလှူအဖြစ် ရှင်လောင်း ၅၅၀၀ ရှင်ပြုပွဲ ပြုလုပ်ခိုင်းခဲ့ပြီး ရှင်လောင်း ၁ ဦးကို ငွေကျပ် ၁ သိန်းပေးမယ်ဆိုပြီးတော့ ကတိပေးခဲ့ပေမယ့် လက်တွေ့မှာ တစ်ပြားတစ်ချပ်မှ မရဘူးလို့ ရှင်လောင်းမိဘတွေက ရန်ကုန်ခေတ်သစ်ကို အသိပေးပြောလာပါတယ်။
-စစ်ကိုင်းငလျင်သင့် မန္တလေးပြည်သူတွေအတွက် လှူဒါန်းထားတဲ့ ကူညီကယ်ဆယ်ရေးပစ္စည်းတွေကို အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေက မတရားသိမ်းယူပြီး သူတို့ရဲ့ ဆွေမျိုးအသိုင်းအ၀ိုင်းတွေကို ပြန်လည်မျှဝေပေးမှုတွေ ဖြစ်ပွားနေတယ်လို့ ငလျင်သင့်ပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
စစ်ကိုင်းတိုင်းက အင်းတော်မြို့ကို KIA_PDF ပူးပေါင်းတပ်တွေက အပြီးသတ်သိမ်းပိုက်မှုရဲ့ နောက် ဆက်တွဲအနေနဲ့ မြို့သိမ်းတိုက်ပွဲထဲကနေ အကြမ်းဖက် စစ်ကောင်စီတပ်သား အယောက် ၄၀ ကျော်ကိုပါ အရှင်ဖမ်းဆီးရမိထားတဲ့အပြင် ၊ ၁၂၀ မမ အမြောက်လက်နက်ကြီးတွေအပါအဝင် လက်နက်ခဲယမ်း အမြောက်အများကိုလည်း သိမ်းဆည်းရရှိထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
