တီးတိန်မြို့ ခလရ ၂၆၉ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၂ ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်
ချင်းပြည်နယ်၊ တီးတိန်မြို့ ခလရ ၂၆၉ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၂ ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း PDF Zoland က ပြောဆိုသည်။
ဧပြီလ ၇ ရက်နေ့တွင် တီးတိန်မြို့ရှိ ခလရ ၂၆၉ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် စိုးလင်းအောင် နှင့် ဖိုးလပြည့် တို့ ၂ ဦးသည် PDF Zoland ထံ အလင်း ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလင်းဝင်လာသော စစ်မှုထမ်း တပ်သားသစ် ၂ ဦးသည် MA အမျိုးအစား သေနတ် ၁ လက်၊ ကျည်ဘောက် နှင့် ကျည်ဆန်များ ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ခြင်းကြောင့် ဂုဏ်ပြုဆုငွေ ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အဆိုပါ အလင်းဝင်လာသူ ၂ ဦးကို PDF Zoland အနေဖြင့် ကောင်းမွန်စွာ စောင့်ရှောက်ထားပြီး ထပ်မံ အလင်းဝင်လိုသည့် စစ်ကောင်စီ တပ်သားများကိုလည်း ဖိတ်ခေါ်ထားကြောင်း သိရှိရသည်။
