31 C
Yangon

တောင်သာ၊ သဲတောရွာကို စစ်တပ်က စက်တပ် လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ် ၄ လုံးပြာကျ

Must read

တောင်သာ၊ သဲတောရွာကို စစ်တပ်က စက်တပ် လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ် ၄ လုံးပြာကျ

ရန်ကုန်၊ ဧပြီ ၉

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ သဲတောရွာကို အကြမ်းဖက် စစ်တပ်က စက်တပ် လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရကာ နေအိမ် ၄ လုံး ပြာကျခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၉ ရက်နေ့ နံနက် အစောပိုင်းတွင် တောင်သာမြို့နယ်၊ သဲတောရွာကို အကြမ်းဖက် စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦး ထိခိုက် ဒဏ်ရာရပြီး ဆေးရုံတင်ထားရကာ နေအိမ် ၄ လုံးလည်း ပြာကျခဲ့ကြောင်း သိရှိရသည်။

“တောင်သာမြို့နယ် သဲတောရွာကို အကြောင်းမဲ့ ဗုံးကျဲ သွားတာပါ။ ဒီမနက်က လာကျဲသွားတာ ပြည်သူ ၁ ဦး ဆေးရုံ တင်လိုက်ရတယ်။ နေအိမ် ၄ လုံးလည်း မီးလောင် ပြကျသွားတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article