27 C
Yangon

မုံရွာမြို့ အမှတ် ၂ ရဲစခန်းမှ ဒုရဲအုပ် အေးသန်းထွန်းသည် G-3 ရိုင်ဖယ် ၁ လက်နှင့် ကျည်အချို့ ယူဆောင်လာပြီး အလင်းဝင်

Must read

မုံရွာမြို့ အမှတ် ၂ ရဲစခန်းမှ ဒုရဲအုပ် အေးသန်းထွန်းသည် G-3 ရိုင်ဖယ် ၁ လက်နှင့် ကျည်အချို့ ယူဆောင်လာပြီး အလင်းဝင်

ရန်ကုန်၊ ဧပြီ ၁၀

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အမှတ် ၂ ရဲစခန်းမှ ဒုရဲအုပ်အေးသန်းထွန်းသည် G3 ရိုင်ဖယ် ၁ လက်နှင့် ကျည်အချို့ ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း မုံရွာခရိုင်အမှတ် ၂‌၅ တပ်ရင်းမှူး သံမဏိက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ဧပြီလ ၇ ရက်နေ့တွင် အမှတ် ၂ ရဲစခန်းမှ ဒုရဲအုပ်အေးသန်းထွန်းသည် အလင်းဝင်ခိုလှုံလာခဲ့ခြင်းဖြစ်ပြီး တပ်ခွဲ ၄ တပ်ခွဲမှူးနှင့် ချိတ်ဆက်ပြီး နယ်မြေခံ တပ်ရင်း ၂၂ အကူအညီဖြင့် သွားရောက်ခေါ်ယူခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

“အလင်းဝင်ရောက်လာသူရဲ့ ဇာတိ မိသားစုရှိရာဆီ ပို့ဆောင်ပေးထားပါတယ်။ အလင်းဝင် ရောက်လိုချင်သူတွေအတွက်ကိုလည်း ကျွန်တော်တို့ဘက်က နွေးထွေးစွာ အမြဲစောင့်ကြိုနေပါတယ်။ နောက်ပြီး သူတို့ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကိုလည်း အပြည့်ဝ ပေးထားပါတယ်”ဟု မုံရွာခရိုင်အမှတ် ၂‌၅ တပ်ရင်းမှူး သံမဏိက ပြောဆိုသည်။

မုံရွာခရိုင်အမှတ် ၂‌၅ တပ်ရင်း အနေဖြင့် ပေါ်တာဆွဲခံရပြီး ပြန်ထွက်လာချင်သူများကိုလည်း အန္တရာယ်ကင်းကင်းနှင့် ကယ်ထုတ်ပေးခဲ့ခြင်းများလည်း ရှိခဲ့ကြောင်း၊ ယခု လပိုင်းတွင် မုံရွာခရိုင် အမှတ် ၂၅ တပ်ရင်းထံ အလင်းဝင်ရောက်လာသူ ၆ ဦးထိရှိပြီဖြစ်ကြောင်း သိရသည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article