27 C
Yangon

ရွာငံ-အောင်ပန်း လမ်းပိုင်းတွင် ဗိုလ်ကြီးမျိုးဇော်သန်း လိုက်ပါလာသော အိမ်စီးကားကို ပစ်ခတ် တိုက်ခိုက်မှု ပွဲချင်းပြီး သေဆုံး၊ ပစ္စတို သေနတ်နှင့် လက်ပစ်ဗုံးတို့ သိမ်းဆည်းရရှိ

Must read

ရွာငံ-အောင်ပန်း လမ်းပိုင်းတွင် ဗိုလ်ကြီးမျိုးဇော်သန်း လိုက်ပါလာသော အိမ်စီးကားကို ပစ်ခတ် တိုက်ခိုက်မှု ပွဲချင်းပြီး သေဆုံး၊ ပစ္စတို သေနတ်နှင့် လက်ပစ်ဗုံးတို့ သိမ်းဆည်းရရှိ

ရန်ကုန်၊ ဧပြီ ၁၁

ရှမ်းပြည်နယ်၊ ရွာငံ-အောင်ပန်း လမ်းပိုင်းတွင် ဗိုလ်ကြီးမျိုးဇော်သန်း လိုက်ပါလာသော အိမ်စီးကားကို ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးပြီး ပစ္စတို သေနတ်နှင့် လက်ပစ်ဗုံးတို့ သိမ်းဆည်းရရှိခဲ့ကြောင်း DANU STATE NATIONAL DEFENCE ARMY (DSNDA) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၁၁ ရက်နေ့တွင် ရွာငံမြို့နယ်၊ ရွာငံ-အောင်ပန်း မိုင်းလမ်းမဘေး လမ်းခွဲတစ်နေရာတွင် DSNDA မှ တော်လှန်ရေး ရဲဘော်များက စစ်ဆေးရေး လုပ်ဆောင်နေစဉ် အိမ်စီးကား ၁ စီးသည် အစစ်ဆေးခံခြင်းမရှိဘဲ ဆုတ်ခွာထွက်ပြေးခြင်းကြောင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းပစ်ခတ် တိုက်ခိုက်မှု အတွင်း ကားပေါ်တွင် ပါလာသည့် ဗိုလ်ကြီးမျိုးဇော်သန်း ပွဲချင်းပြီး သေဆုံးပြီး ၎င်းကိုင်ဆောင်သော ပစ္စတိုသေနတ် ၁ လက် ၊ လက်ပစ်ဗုံး ၁ လုံး ၊ ဖုန်းနှင့် ငွေသားများကို သိမ်းဆည်း ရရှိခဲ့ကြောင်း သိရှိရသည်။

သေဆုံးသွားသော ဗိုလ်ကြီး မျိုး‌‌ဇော်သန်း‌သည် ရွာငံမြို့ မြောက်ဘက်ရှိ မြို့အထွက်ဂိတ်တွင် အာဏာ အရှိဆုံး အရာရှိ တစ်ဦးဖြစ်ကြောင်း သိရသည်။

“ကျနော်တို့ အနေနဲ့ တိုက်ခိုက်မှုတွေ ဆက်လက် လုပ်ဆောင်သွားမယ်။ ပြည်သူတွေ အားရ ကျေနပ်တဲ့အထိ ကြိုးစားသွားပါ့မယ်လို့ပြောချင်ပါတယ်” ဟု DANU STATE NATIONAL DEFENCE ARMY (DSNDA) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article