31 C
Yangon

ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို စစ်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု ဘုန်းကြီးကျောင်းနှင့် နေအိမ်များ ပျက်စီး၊ ပြည်သူ ၁ ဦးကိုလည်း အကြောင်းမဲ့ ဖမ်းဆီးသွား

Must read

ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို စစ်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု ဘုန်းကြီးကျောင်းနှင့် နေအိမ်များ ပျက်စီး၊ ပြည်သူ ၁ ဦးကိုလည်း အကြောင်းမဲ့ ဖမ်းဆီးသွား

ရန်ကုန်၊ ဧပြီ ၁၂

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်များ ပျက်စီးကာ ပြည်သူ ၁ ဦးကိုလည်း အကြောင်းမဲ့ ဖမ်းဆီးသွားကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

ဧပြီလ ၁၀ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်ခန့်တွင် သိမ်ဇရပ် အခြေစိုက် ခမရ ၂၀၇ တပ်ရင်းမှ အကြမ်းဖက် စစ်ကောင်စီတပ်သားများသည် သံမှန်ဇရပ်၌ ရော်ဘာခြစ် လုပ်ငန်း လုပ်ကိုင်နေသည့် အသက် ၃၀ နှစ်အရွယ် ကိုဇင်မင်းထိုက်ကို သိမ်ဇရပ်မြို့ပေါ် ဈေးထဲ၌ အတင်းအဓမ္မ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဧပြီလ ၉ ရက်နေ့ ည ၁၀ နာရီခန့်တွင် ခလရ-၂၆၄ တပ်ရင်းမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ၁၂၀ မမ လက်နက်ကြီး ၄ လုံးဖြင့် ထောလူခိုကျေးရွာ၊ ကောက်မယ်သူကျေးရွာ နှင့် ပန်းတင်ကုန်း ကျေးရွာတို့ကို ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းကြောင့် ထောလူခိုကျေးရွာမှ နေအိမ် ၁ လုံး ထိခိုက် ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ဧပြီလ ၁၁ ရက်နေ့တွင်လည်း အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကွင်းဆိပ်ကျေးရွာ လေးလမ်းဆုံ အနီးတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ် ၂ လုံး ထိခိုက် ပျက်စီးခဲ့ကြောင်း၊ ဧပြီလ ၉ ရက်နေ့ ည ၉ နာရီ ၄၈ မိနစ်ခန့်ကလည်း ကြိတ်ကွင်းကျေးရွာအတွင်းကို အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ နေအိမ် ၂ လုံးပျက်စီးခဲ့ကြောင်း သိရသည်။

ဧပြီလ ၈ ရက်နေ့ ည ၉ နာရီ ၄၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ ခလရ-၂၆၄ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ရာ တောင်ခင်ကျေးရွာ ဘုန်းကြီးကျောင်းတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး တောင်ခင်ကျေးရွာဘုန်းကြီးကျောင်း ထိခိုက် ပျက်စီးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article