33 C
Yangon

စလင်းမြို့နယ်တွင် သံချပ်ကာ ယာဉ် ၂ စီးပါ စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်ကြောင်းမှူး အပါအဝင် ၉ ဦး ထက်မနည်း သေဆုံး

Must read

စလင်းမြို့နယ်တွင် သံချပ်ကာ ယာဉ် ၂ စီးပါ စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်ကြောင်းမှူး အပါအဝင် ၉ ဦး ထက်မနည်း သေဆုံး

ရန်ကုန်၊ ဧပြီ ၂၆

မကွေးတိုင်း၊ စလင်းမြို့နယ်တွင် သံချပ်ကာယာဉ် ၂ စီးပါ စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်ကြောင်းမှူး အပါအဝင် ၉ ဦး ထက်မနည်းသေဆုံးခဲ့ကြောင်း ဗမာ့တပ်တော် – အမှတ် ၃ စစ်ဦးစီး ကွပ်ကဲရေးရုံးက ထုတ်ပြန်သည်။

ဧပြီလ ၂၄ ရက်နေ့တွင် စလင်းမြို့နယ် အနောက်ဘက် ဝမ်းပြည့်ကျေးရွာမှ အောက်လှိုင်းကျေးရွာဘက် သို့ ဝင်ရောက်လာသည့် သံချပ်ကာ ယာဉ် ၂ စီး၊ အင်အား ၂၀၀ ကျော်ပါ စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ ပိတ်ဆို့ တိုက်ခိုက်ခဲ့ရာ ၂ နာရီကျော်ကြာ အပြန်အလှန် ပစ်ခတ် တိုက်ပွဲပြင်း ထန်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ စစ်ကြောင်းမှူးအပါအဝင် ၉ ဦး ထက်မနည်း သေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ထိတွေ့တိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီ၏ သံချပ်ကာ ယာဉ် ၁ စီးမှာ ဝမ်းပြည့်ကျေးရွာ ရေမြောင်းအတွင်း ထိုးကျခဲ့ပြီး ဖောကားများဖြင့် ပြန်လည်ဆွဲတင်နေစဉ် တော်လှန်ရေးတပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း၊ ယင်း အကြမ်းဖက်စစ်ကြောင်းသည် ဧပြီလ ၂၅ ရက်နံနက်ပိုင်းတွင် ပြန်လည် ဆုတ်ခွာသွားကြောင်း သိရ သည်။

အဆိုပါ တိုက်ခိုက်မှုကို ဗမာ့တပ်တော်၊ အမှတ် ၈၀၈ တပ်ရင်း၊ မင်းဘူးခရိုင်အမှတ် ၁ တပ်ရင်း၊ မင်းဘူးခရိုင်အမှတ် ၅ တပ်ရင်း၊ ပေါက်တောင်ပိုင်း ကျန်းမာရေးနှင့် သူနာပြုတပ်ဖွဲ့၊ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့(စလင်း)၊ ဒေါင်းစစ်အောင် LPDF၊ ဒေါင်းညီနောင် မြို့ပြပြောက်ကျားတပ်ဖွဲ့ နှင့် မင်းဘူး ခရိုင်လက်ရုံးတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး တပ်ဖွဲ့ဝင် ၁ ဦး မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

စလင်းမြို့နယ် အတွင်းသို့ အကြမ်းဖက် စစ်တပ်က အင်အားများစွာသုံး၍ စစ်ကြောင်းများခွဲကာ ဝင်ရောက်လျက်ရှိသောကြောင့် မိဘပြည်သူများအနေဖြင့် လေယာဉ်အန္တရာယ်နှင့် လက်နက်ကြီး အန္တရာယ်များမရှိစေရန် ဗုံးခိုကျင်းများ တူးထားရန်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ၏ ညွှန်ကြားချက်များကို လိုက်နာ ဆောင်ရွက်ကြရန် တိုက်တွန်းထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article