33 C
Yangon

တောင်သာ မကျီးပင်တဲရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦးပြင်းထန်ဒဏ်ရာရ၊ နောင်ချိုမြို့နယ်ကိုလည်း စစ်တပ်က လေယာဉ်ဖြင့် ဗုံး ၂၇ လုံး နှင့် အဆိပ်ငွေ့ ဗုံး ၈ လုံး ကျဲချ တိုက်ခိုက်

Must read

တောင်သာ မကျီးပင်တဲရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦးပြင်းထန်ဒဏ်ရာရ၊ နောင်ချိုမြို့နယ်ကိုလည်း စစ်တပ်က လေယာဉ်ဖြင့် ဗုံး ၂၇ လုံး နှင့် အဆိပ်ငွေ့ ဗုံး ၈ လုံး ကျဲချ တိုက်ခိုက်

ရန်ကုန်၊ ဧပြီ ၂၆

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ မကျီးပင်တဲရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း တောင်သာမြို့နယ် လူထုလှုပ်ရှားမှုကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၂၅ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၈ မိနစ်နှင့် ၄၅ မိနစ်ခန့်တွင် မကျီးပင်တဲကျေးရွာကို အကြမ်းဖက် စစ်တပ်က စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ပြည်သူ ၁ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၇ လုံး ပျက်စီးခဲ့ကြောင်း သိရှိရသည်။

“မနေ့က ၂ ကြိမ် လေကြောင်းနဲ့ ဗုံးကျဲ တိုက်ခိုက်တာ ပြည်သူ ၁ ဦး ထိခိုက် ဒဏ်ရာရပြီး ပြင်းထန်တယ်။ နေအိမ် ၇ လုံးလည်း ပျက်ဆီးသွားတယ်” ဟု တောင်သာမြို့နယ် လူထုလှုပ်ရှားမှုကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ထို့ပြင် ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်ကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံး ၂၇ လုံးနှင့် အဆိပ်ငွေ့ဗုံး ၈ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။

ယမန်နေ့ ဧပြီလ ၂၄ ရက်နေ့ ညနေ ၆ နာရီ ၂၄ မိနစ် မှ ၆ နာရီ ၅ဝ မိနစ်အထိ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျောက်ကြမ်းကျေးရွာအနီးကို Y-12 လေယာဉ်ဖြင့် ဗုံး ၂၇ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အလားတူ ည ၇ နာရီ ၂၉ မိနစ်ခန့်တွင်လည်း အုမ္မတီးကျေးရွာအနီးကို တိုက်ပွဲဖြစ်ပွားနေချိန် အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် အဆိပ်ငွေ့ဗုံး ၈ လုံး လာရောက် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ဧပြီလ ၂၁ ရက်နေ့ကလည်း တောင်ခမ်းကျေးရွာရှိ ၉ဝ၂ တပ်စခန်းအနီးတွင် တိုက်ပွဲဖြစ်ပွားနေချိန်၌ အကြမ်းဖက် စစ်တပ်က အဆိပ်ငွေ့ဗုံး ၁၅ လုံး လာရောက်ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်သည် အပစ်ရပ် သက်တမ်းကို ဧပြီလ ကုန်အထိ ထပ်မံတိုးထား သော်လည်း ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်သော မြို့နယ်များကို စစ်အင်အား ဖြည့်တင်းခြင်း၊ ထိုးစစ်ဆင်ခြင်း နှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်နေရာများကို လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိကြောင်း TNLA က ပြောဆိုထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article