34 C
Yangon

မင်းလှတွင် စစ်မှုထမ်းခိုင်းရန် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးနေသည့် အလယ်ကုန်းအုပ်စု အုပ်ချုပ်ရေးမှူး စိုးဝင်း ပစ်ခတ်ခံရပြီး သေဆုံး

Must read

မင်းလှတွင် စစ်မှုထမ်းခိုင်းရန် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးနေသည့် အလယ်ကုန်းအုပ်စု အုပ်ချုပ်ရေးမှူး စိုးဝင်း ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဧပြီ ၂၇

ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးနေသည့် အလယ်ကုန်းအုပ်စု အုပ်ချုပ်ရေးမှူး စိုးဝင်း ကို ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၂၆ ရက်နေ့ မွန်းလွဲ ၄ နာရီ ၃၀ မိနစ်ခန့်တွင် မင်းလှမြို့နယ်၊ အလယ်ကုန်းအုပ်စု အုပ်ချုပ်ရေးမှူး စိုးဝင်း ကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၃ ၊ တပ်ခွဲ ၂ နှင့် မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က ပူးပေါင်း၍ ကန့်လန့်ကုန်းရွာထိပ် လမ်းပေါ်၌ သေနတ်ဖြင့် ၅ချက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှုအတွင်း အုပ်ချုပ်ရေးမှူး စိုးဝင်းသည် ပွဲချင်းပြီး သေဆုံးခဲ့ပြီး ၄င်းထံမှ ဓားမြောင် ၁ ချောင်း၊ ငွေသားကျပ် ၆၀၀၀၀ ၊ ဆိုင်ကယ် ၁ စီး ၊ စည်းတံဆိပ်တုံး ၂ ခု ၊ စစ်မှုထမ်းရမည့် အမည်စာရင်းပါ စာရွက်စာတမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

သေဆုံးသွားသော အုပ်ချုပ်ရေးမှူး စိုးဝင်း သည် စစ်မှုထမ်းကြေးဟုဆိုကာ ပြည်သူများထံမှ ငွေကြေးများ အတင်းအကျပ် ကောက် ခံခြင်း၊ စစ်မှုထမ်းရန် အမည်စာရင်းပါသူများထံမှ ငွေကြေးများ အဆမတန် တောင်းခံခြင်း၊ လူငယ်များကို စစ်မှုထမ်းရန် အတင်းအကြပ် စုဆောင်းခြင်း၊ လူငယ်များကို လက်ထောက်ချ ပေါ်တာဆွဲခိုင်းခြင်းများ လုပ်ဆောင်နေသည့်အတွက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“စိုးဝင်းက ကြက်သမားပါ။ ကြက်ဝိုင်းက အပြန်မှာ စောင့်ပြီးတော့ တိုက်ခိုက်ခဲ့တာ ပွဲချင်းပြီးသေဆုံးတယ်။ သူက လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးတာ စစ်မှုထမ်း ဥပဒေ အကြောင်းပြပြီး ငွေညှစ်တာတွေလုပ်ဆောင်နေတဲ့သူပါ” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ မှ တာဝန်ရှိသူက ပြောဆိုသည်။

ပြည်သူများအနေဖြင့် တော်လှန်ရေးတပ်ဖွဲ့များကို ဒုက္ခပေးနေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် စစ်တပ် ဒေါက်တိုင်များကို အရှိန်မြှင့် တိုက်ခိုက်သွားမည်ဖြစ်၍ ပြည်သူများ အနေဖြင့် ၄င်းတို့အနီး သွားလာနေထိုင်ခြင်းများ လုံးဝ မပြုလုပ်ကြရန် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ က အသိပေး နှိုးဆော်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article