27 C
Yangon

စစ်တပ်၏ ပြည်သူ့စစ်မဟာဗျူဟာ အောင်မြင်ရေးအတွက် စစ်မှုထမ်းဟောင်းအဖွဲ့များကို မောင်းနှင်အား အဖြစ် အားပြုမည်ဟု မင်းအောင်လှိုင်ပြော

Must read

စစ်တပ်၏ ပြည်သူ့စစ်မဟာဗျူဟာ အောင်မြင်ရေးအတွက် စစ်မှုထမ်းဟောင်းအဖွဲ့များကို မောင်းနှင်အား အဖြစ် အားပြုမည်ဟု မင်းအောင်လှိုင်ပြော

ရန်ကုန်၊ မေ ၁

အကြမ်းဖက်စစ်တပ်က ပြည်သူ့စစ်မဟာဗျူဟာ အောင်မြင်ရေးအတွက် စစ်မှုထမ်း ဟောင်း အဖွဲ့များကို မောင်းနှင်အား အဖြစ် အားပြုမည်ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ထုတ်ပြန်ပြောဆိုသည်။

ယမန်နေ့ နေပြည်တော်တွင် ပြုလုပ်သည့် စစ်မှုထမ်းဟောင်းအထူးညီလာခံတွင် အကြမ်းဖက် မင်းအောင်လှိုင်က အထက်ပါအတိုင်းပြောဆိုခြင်းဖြစ်သည်။

စစ်မှုထမ်းဟောင်းအဖွဲ့သည် သီးခြားလွတ်လပ်သည့် စစ်တပ်၏ မိတ်ဆက်အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း၊ ဗဟိုဌာနချုပ်ရုံး၊ တိုင်း/ပြည်နယ်စစ်မှုထမ်းဟောင်းအဖွဲ့ ၂၁ ဖွဲ့၊ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ ၃၀၈ ဖွဲ့တို့ဖြင့် စစ်တပ်၏ အရန်အင်အားအဖြစ် လုံခြုံရေးကိစ္စရပ်များတွင် ပါဝင်နေကြောင်း၊ “တစ်ခါက စစ်သားဖြစ်ခဲ့ဖူးလျှင် အမြဲတမ်းစစ်သားပင်” ဆိုနိုင်ကြောင်း မင်းအောင်လှိုင်က ဆိုသည်။

စစ်မှုထမ်းဟောင်းများအနေဖြင့် စစ်တပ်က ချမှတ်ထားသော ပြည်သူ့စစ်မဟာဗျူအောင်မြင်စေရေးအတွက် စစ်မှုထမ်းဟောင်းအဖွဲ့များ၏ စည်းရုံးရေးစွမ်းရည်ကို မောင်းနှင်အားအဖြစ် ထိရောက်စွာ အားပြုနိုင်ရမည်ဖြစ် ကြောင်း မင်းအောင်လှိုင်က ဆိုသည်။

အကြမ်းဖက်စစ်တပ်က လက်ရှိတွင်လည်း နိုင်ငံတစ်ဝန်းမှ စစ်မှုထမ်းဟောင်းများကို စစ်တပ်သို့ ပြန်လည်ခေါ် ယူ၍ ရှေ့တန်းစစ်မြေပြင်သို့ စေလွှတ်မှုခြင်း၊ မြို့ပြ လုံခြုံရေးများတွင် ပူးပေါင်းပါဝင်စေခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း စစ်မှု ထမ်းဟောင်းအဖွဲ့များထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article