26 C
Yangon

မိုးကုတ်မြို့ အနောက်ခြမ်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်၊ စစ်ကိုင်း ရွာသာယာရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ် ၂ ဦးသေဆုံး

Must read

မိုးကုတ်မြို့ အနောက်ခြမ်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်၊ စစ်ကိုင်း ရွာသာယာရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ် ၂ ဦးသေဆုံး

ရန်ကုန်၊ မေ ၁

မန္တလေးတိုင်း၊ မိုးကုတ်မြို့ အနောက်ခြမ်းကို အကြမ်းဖက် စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။

ဧပြီလ ၃ဝ ရက်နေ့ ည ၈ နာရီ ၃ဝ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မိုးကုတ်မြို့ အနောက်ပိုင်း၊ သစ်စိမ့်ကုန်းနှင့် ကျောက်ပုတ်ကျေးရွာ အကြားကို ပေါင် ၂၅ဝ ဗုံး ၂ လုံး လာရောက် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ဧပြီလ ၂၄ ရက်နေ့ကလည်း နောင်ချိုမြို့နယ်ကို အကြမ်းဖက် စစ်ကောင်စီတပ်က လေ‌ကြောင်းဖြင့် အဆိပ်ငွေ့ဗုံး ၁၁ လုံးနှင့် ၁၂၀ မမ လက်နက်ကြီး ၂၆ လုံး ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီသည် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်သော မြို့နယ်များကို စစ်အင် အား ဖြည့်တင်းခြင်း၊ ထိုးစစ်ဆင်ခြင်းနှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နေရာများကို လေကြောင်းဖြင့် ပြည်သူလူထုကို ရည်ရွယ်ချက်ရှိရှိ ဦးတည် ဗုံးကျဲသည့်လုပ်ရပ်များ ပြုလုပ်နေကြောင်း၊ ထို့ကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကျဲ တိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန် လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ် ရေးဆိုင်ရာနည်းလမ်းများ လိုက်နားဆောင်ရွက်ရန် လိုအပ်ကြောင်း TNLA က ပြောဆိုထားသည်။

အလားတူ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ရွာသာယာရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ကလေးငယ် ၂ ဦး ကျည်စ ထိမှန်ကာ သေဆုံးခဲ့ကြောင်း Wetlet informational network ထံမှ သိရှိရသည်။

မေလ ၁ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် စာရေးရွာရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ၈၁ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ရွာသာယာရွာထဲသို့ ကျရောက် ပေါက်ကွဲခဲ့ပြီး အသက် ၉ နှစ်အရွယ် ကလေး ၂ ဦး ကျည်စ ထိမှန်သေဆုံးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် တံတားဦးဘက်မှ တက်လာသည့် အကြမ်းဖက် စစ်တပ်၏ Jet Fighter ၁ စီးသည်လည်း နံနက် ၁၁ နာရီ ၅၅ မိနစ်အချိန်တွင် ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌စစ်ကိုင်းမြို့နယ် မြောက်ခြမ်းသို့ လေကြောင်း တိုက်ခိုက်မှု လုပ်ဆောင်သွားကြာင်း ၊ မန္တလေးတိုင်း မတ္တရာမြို့‌ပေါ်ရှိ အကြမ်းဖက် စစ်သားများကလည်း မတ္တရာမြို့ အနောက်ဘက်သို့ လက်နက်ကြီးများဖြင့် အဆက်မပြတ်ရမ်းသမ်းပစ်ခတ်နေကြောင်း Wetlet informational network ထံမှ သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article