27 C
Yangon

လောင်းလုံးတွင် ကျောက်နီမော်ရွာ ပျူစောထီး ကိုနိုင်ကို တော်လှန်ရေး တပ်ဖွဲ့များက အရှင် ဖမ်းဆီး

Must read

လောင်းလုံးတွင် ကျောက်နီမော်ရွာ ပျူစောထီး ကိုနိုင်ကို တော်လှန်ရေး တပ်ဖွဲ့များက အရှင် ဖမ်းဆီး

ရန်ကုန်၊ မေ ၁

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် ကျောက်နီမော်ရွာ ပျူစောထီး ကိုနိုင်ကို တော်လှန်ရေး တပ်ဖွဲ့များက အရှင် ဖမ်းဆီးနိုင်ခဲ့ကြောင်း Special Guerrilla Force – အထူးပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီလပိုင်းက လောင်းလုံးမြို့နယ် အတွင်းရှိ ကျောက်နီမော်ရွာမှ ပျူစောထီး အဖွဲ့ဝင် ကိုနိုင်နိုင်စိုး (ခ) ကိုနိုင် ကားကို တော်လှန်‌ရေးတပ်ဖွဲ့များက လမ်းပိုင်း တစ်နေရာတွင် စစ်ဆေးခဲ့ကြောင်း သိရသည်။

ယင်းဖမ်းဆီးရမိသော ကိုနိုင်ထံမှ စကစရုံး နှင့် ပက်သက်သော စာရွက်စာတမ်းများ အချက်အလက်များ သိမ်းဆည်းရရှိပြီး အပြစ်မဲ့ပြည်သူများကို လက်နက်အားကိုးဖြင့် ညည်းပန်းနှိပ်စက်ခြင်း၊ ကျောက်နီမော်ရှိ စကစ များ၏ပစ္စည်း သယ်ယူပေးခြင်း၊ ကိုနိုင်နိုင်စိုးသည် ကျောက်နီမော်ရွာတွင် နေထိုင်ခဲ့စဉ်က စစ်ကောင်စီ တပ်သားများကို ခေါ်ယူနေထိုင်ခြင်း၊ရွာထဲတွင်လည်း လက်နက်ကိုင်ဆောင်သွားလာခဲ့သည်ဟု ဝန်ခံထွက်ဆိုခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဖမ်းဆီးရမိသော ကိုနိုင်ကို Special Guerrilla Force – အထူးပြောက်ကျားတပ်ဖွဲ့နှင့် ပင်လယ်ကြယ် အဖွဲ့တို့က ဆက်လက် ထိန်းသိမ်းထားဆဲဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article