30 C
Yangon

စစ်မှုထမ်း သင်တန်းဆင်း တပ်သားသစ်များအနက်မှ အခြေခံပညာအထက်တန်းအောင်မြင်သူများကို ဒရုန်းတပ်နှင့် စက်တပ်လေထီးတပ်စုများသို့ ပို့ဆောင်၊ တပ်သားသစ်များကို လက်ရုံးတပ်များ အပါအဝင် နယ်ပယ်အစုံတွင် အသုံးချလာ

Must read

စစ်မှုထမ်း သင်တန်းဆင်း တပ်သားသစ်များအနက်မှ အခြေခံပညာအထက်တန်းအောင်မြင်သူများကို ဒရုန်းတပ်နှင့် စက်တပ်လေထီးတပ်စုများသို့ ပို့ဆောင်၊ တပ်သားသစ်များကို လက်ရုံးတပ်များ အပါအဝင် နယ်ပယ်အစုံတွင် အသုံးချလာ

ရန်ကုန်၊ မေ ၈

အကြမ်းဖက် စစ်ကောင်စီက စစ်မှုထမ်း သင်တန်းဆင်း တပ်သားသစ်များအနက်မှ အခြေခံပညာအထက်တန်းအဆင့် အောင်မြင်ပြီးမြောက်ထားသူများကို ဒရုန်းတပ်နှင့် စက်တပ်လေထီး ပစ်ခတ်သည့် တပ်စုများသို့ ပို့ဆောင်လျက်ရှိကြောင်း အဆိုပါတပ်စုများသို့ ပို့ဆောင်ခံရသည့် စစ်မှုထမ်းတပ်သားတချို့၏ မိဘဆွေမျိုးများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း လူငယ်များကို စစ်မှုထမ်းတပ်သားများအဖြစ် လစဉ် စုဆောင်းလျက်ရှိရာတွင် အရွယ်ပေါင်းစုံကို အတင်းအကျပ် ပေါ်တာဆွဲခြင်း၊ ဆင့်ခေါ်ခြင်း လုပ်ဆောင်လျက်ရှိပြီး ယင်းစုဆောင်းခံရသည့် လူငယ်များအနက်မှ အခြေခံပညာအထက်တန်းအဆင့် အောင်မြင်ပြီးသော စစ်မှု ထမ်းသင်တန်းဆင်း တပ်သားသစ်တချို့ကို ဒရုန်းတပ်စုသို့ ပို့ဆောင်ခြင်း၊ စက်တပ်လေထီးတပ်အစုအဖွဲ့သို့ ပို့ဆောင်ခြင်းများ လုပ်ဆောင်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

“မေမေတဲ့ သားကို အထက်တန်းအောင်တယ်ဆိုပြီး ဒရုန်းတပ်စု-နမခကို အပို့ခံရတယ်တဲ့။ အခြားသားသူငယ် ချင်းတချို့လည်း နမခ(အနောက်မြောက်တိုင်းစစ်ဌာနချုပ်-မုံရွာ)မှာ ရှိတဲ့ စက်တပ်လေထီးသင်တန်းကို ထပ်အပို့ခံရတယ်တဲ့။ ဖုန်းဆက်လာတယ်။ ဒရုန်းတပ်ဆိုတော့ ဒရုန်းမောင်းတာတွေကို အဓိကသင်ရမယ်လို့ ပြောတယ်” ဟု စစ်မှုထမ်း အပတ် စဉ် ၉ သင်တန်းဆင်းပြီးနောက် ဒရုန်းတပ်စုသို့ ပို့ဆောင်ခံရသည့် တပ်သားသစ်တစ်ဦး၏ မိခင်ဖြစ်သူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ထို့ပြင် စစ်ကောင်စီက စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ်များကို ရှေ့တန်းစစ်မြေပြင်သို့သမာက ကပစစက်ရုံများသို့ စေလွှတ်ပြီး ကပစစက်ရုံများ၏ လက်ရုံးတပ်သားအဖြစ် သင်တန်းပေးခြင်း၊ ကပစစက်ရုံများရှိ လက်နက် ထုတ်လုပ်ရေးဆိုင်ရာ အခြေခံအကျဆုံးသော အလုပ်များတွင်ပါ ခိုင်းစေနေကြောင်း ၊ စစ်မှုထမ်းတပ်သားသစ်များကို စစ်ကောင်စီက နယ်ပယ်အစုံတွင် အသုံးချလာကြောင်း သိရှိရသည်။

လက်ရှိ မေလ ၅ ရက်နေ့ သင်တန်းဆင်းသွားသော စစ်မှုထမ်း အပတ်စဉ် ၁၀ မှ သင်တန်းဆင်း တပ်သားများကို ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အတွင်းရှိ ကပစစက်ရုံများ၏ လုံခြုံရေးနှင့် စစ်ကြောင်းကင်းများအတွက် စစ်မှုထမ်း တပ်သားရာချီ၍ အင်အားဖြည့် စေလွှတ်မှုများ ရှိကြောင်း တပ်သတင်းရင်းမြစ်တချို့ထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article