26.4 C
Yangon

ရက္ခိုင့်တပ်တော် AA နှင့်အတူ ရခိုင်ပြည်နယ် အမ်း (နပခ စစ်ဌာနချုပ်) မြို့သိမ်းတိုက်ပွဲတွင် တာဝန်ထမ်းဆောင်ခဲ့ကြသော စစ်ကိုင်းတိုင်း ပကဖ ရဲဘော်များကို ဂုဏ်ပြုကြိုဆိုပွဲကျင်းပ

Must read

ရက္ခိုင့်တပ်တော် AA နှင့်အတူ ရခိုင်ပြည်နယ် အမ်း (နပခ စစ်ဌာနချုပ်) မြို့သိမ်းတိုက်ပွဲတွင် တာဝန်ထမ်းဆောင်ခဲ့ကြသော စစ်ကိုင်းတိုင်း ပကဖ ရဲဘော်များကို ဂုဏ်ပြုကြိုဆိုပွဲကျင်းပ

ရန်ကုန်၊ မေ ၉

ရခိုင်ပြည်နယ် အမ်းမြို့သိမ်းတိုက်ပွဲတွင် ပါဝင်ကူညီတိုက်ခိုက်ပေးခဲ့သည့် စစ်ကိုင်းတိုင်း ပကဖမှ တိုက်ပွဲဝင် အောင်ပွဲရ ရဲဘော်များကို စစ်ကိုင်းတိုင်း ပကဖက ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြင့်ခဲ့ပြီး ကျဆုံးရဲဘော်များ၏ မိသားစုဝင်များကို ထောက်ပံ့ကြေးပေးအပ်၍ ရဲဘော်များက ဂုဏ်ပြုဦးညွှတ်အလေးပြုခဲ့ကြကြောင်း သိရှိရသည်။

အမ်းမြို့သိမ်းတိုက်ပွဲတွင် စစ်ကိုင်းတိုင်းယင်းမာပင်ခရိုင်မှ ပကဖရဲဘော် ၃၂ ဦးပါဝင်တိုက်ခိုက်ခဲ့ပြီး ရဲဘော် ၂ ဦး အသက်ပေးလှူခဲ့ရကာ ရဲဘော်တစ်ဦး ခြေတစ်ဖက်ဆုံးရှုံးခဲ့ရကြောင်း သိရှိရသည်။

အမ်းမြို့နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နပခ ကို အာရက္ခတပ်တော် AA နှင့် ပူးပေါင်းတပ်ဖွဲ့များက ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်‌‌တွင် အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီ၏ နပခ ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်းနှင့် တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်း တို့ကိုပါ အရှင်ဖမ်းမိခဲ့ခြင်း ဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article