26.3 C
Yangon

နတ်တလင်းမြို့နယ်၊ ထန်းတောရွာကို စစ်တပ် ဝင်ရောက် စီးနင်းပြီး ယနေ့ ညနေပိုင်းတွင် မီးရှို့ဖျက်ဆီးနေ

Must read

နတ်တလင်းမြို့နယ်၊ ထန်းတောရွာကို စစ်တပ် ဝင်ရောက် စီးနင်းပြီး ယနေ့ ညနေပိုင်းတွင် မီးရှို့ဖျက်ဆီးနေ

ရန်ကုန်၊ မေ ၁၆

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ထန်းတောရွာကို စစ်တပ် ဝင်ရောက် စီးနင်းပြီး ယနေ့ ညနေပိုင်းတွင် မီးရှို့ဖျက်ဆီးနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ပြောဆိုသည်။

ယနေ့ မေလ ၁၆ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီးများက နတ်တလင်းမြို့နယ်၊ ထန်းတောရွာကို ဝင်ရောက် စီးနင်းပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်းသိရသည်။

“စစ်ခွေးတွေနဲ့ ပျူတွေက ရွာထဲကို ဝင်စီးပြီး မီးရှို့နေတာ နေအိမ်တော်တော်များများ မီးရှို့ဖျက်ဆီးခံရတယ်။ အိမ်အကောင်းတွေကို ရွေးပြီးရှို့နေတာ ပြည်သူတွေလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

လက်ရှိချိန်တွင် ကျေးရွာနေ ပြည်သူများသည် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လက်ရှိချိန်ထိ ကျေးရွာအတွင်း၌ တပ်စွဲထားကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article