28.8 C
Yangon

ဆန်ဖရန်စစ္စကိုမြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံးရှေ့တွင် “မြန်မာ့အချုပ်အခြာကို ထိပါးလာသော တရုတ်ကွန်မြူနစ်အစိုးရအား နည်းမျိုးစုံနဲ့ မောင်းထုတ်ကြ”ခေါင်းစဉ်ဖြင့် လူထုသပိတ်တိုက်ပွဲ ပြုလုပ်

Must read

ဆန်ဖရန်စစ္စကိုမြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံးရှေ့တွင် “မြန်မာ့အချုပ်အခြာကို ထိပါးလာသော တရုတ်ကွန်မြူနစ်အစိုးရအား နည်းမျိုးစုံနဲ့ မောင်းထုတ်ကြ”ခေါင်းစဉ်ဖြင့် လူထုသပိတ်တိုက်ပွဲ ပြုလုပ်

ရန်ကုန်၊ မေ ၁၈

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံး (Chinese Consulate General Offices) ရှေ့တွင် Free Burma Action Committee-Northern California မှ ဦးဆောင်၍ “China’s Policy Burma’s Mystery!”၊ “မြန်မာ့အချုပ်အခြာကို ထိပါးလာသော တရုတ်ကွန်မြူနစ်အစိုးရအား နည်းမျိုးစုံနဲ့ မောင်းထုတ်ကြ”ခေါင်းစဉ်ဖြင့် ၁၅၆ ကြိမ်မြောက် စဉ်ဆက်မပြတ်ဆန်ဖရန်စစ္စကိုလူထုသပိတ်တိုက်ပွဲကို ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဆန္ဒထုတ်ဖေါ်ပွဲတွင် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းကျေးရွာရှိ စာသင်ကျောင်းကို စစ်ကောင်စီက ရက်စက်ကြမ်းကြုတ်စွာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကြွေလွင့်သွားသော ကျောင်သားကလေးငယ်များနှင့် ဆရာမများအတွက်ဝမ်းနည်းခြင်းအထိမ်းအမှတ်များနှင့် စစ်ကောင်စီ၏ အရပ်ဖက်ပြည်သူများ၊ စာသင်ကျောင်းများအား အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခြင်းအပေါ် နိုင်ငံတကာမှ အရေးယူဆောင်ရွက်ပေးရန် နွေဦးတော်လှန်ရေးအင်အားစုများက တိုက်တွန်းနှိုးဆော်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article