29.1 C
Yangon

နောင်ချိုမြို့နယ် တောင်ကျရွာနှင့် အုမ္မတီးရွာ တို့ကို စစ်တပ်က စနိုက်ပါ၊ ဒရုန်းတို့ဖြင့် တိုက်ခိုက်မှု ပြည်သူ ၁ ဦး သေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာရ

Must read

ရန်ကုန်၊ မေ ၁၉

ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ် တောင်ကျရွာနှင့် အုမ္မတီးရွာ တို့ကို အကြမ်းဖက် စစ်တပ်က စနိုက်ပါ၊ ဒရုန်းတို့ဖြင့် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။

မေလ ၁၇ ရက်နေ့ နံနက် ၁၀ နာရီ ၂၃ မိနစ်ခန့်တွင် နောင်ချိုမြို့နယ်၊ တောင်ကျကျေးရွာ၌ ဒရုန်းဖြင့် ၂ ကြိမ်၊ နံနက် ၁၀ နာရီ ၄၉ မိနစ်ခန့်တွင် ၁ ကြိမ်၊ နံနက် ၁၁ နာရီခန့်တွင် ၂ ကြိမ် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တောင်ကျရွာအတွင်းကို အကြမ်းဖက် စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံး ၅ လုံး လာရောက် ဗုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ဒေသပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် မေလ ၁၈ ရက်နေ့ နံနက် ၈ နာရီခန့်တွင် နောင်ချိုမြို့နယ်၊ အုမ္မတီးကျေးရွာရှိ စစ်ရှောင်စခန်းတွင် နေထိုင်သည့် အသက် ၂၇ နှစ်အရွယ် ဦးအိုက်လှိင်ကို စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့သောကြောင့် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

တအာင်းတပ်မတော် PSLF/TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီတပ်မှ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ အရပ်သားများကို ပစ်မှတ်ထားပြီး လေကြောင်းနှင့် ဒရုန်း၊ လက်နက်ကြီးများဖြင့် နေ့စဉ်ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်ကောင်စီတပ်သည် မေလ ၆ ရက်နေ့မှ ၃၁ ရက်နေ့ အထိ အပစ်ခတ်ရပ်စဲရေးသည် သက်တမ်း ၁ လ ထပ်တိုးသော်လည်း တအာင်းပြည်အတွင်း မြေပြင်ထိုးစစ်ဆင်ခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်း၊ ဒရုန်းနှင့် လေကြောင်းဖြင့် နေ့စဉ်အသုံးပြုတိုက်ခိုက်လျက်ရှိကြောင်း၊ ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်သည် အပစ်ရပ်သက်တမ်း ၁ လတိုးထားသော်လည်း နေ့စဉ်ဗုံးကျဲတိုက်ခိုက်မှုများရှိသောကြောင့် စစ်ကောင်စီတပ်၏ လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုရန်မှ ရှောင်ရှားနိုင်ရန် စစ်ရေး သတိအမြဲရှိရန် လိုအပ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article