30 C
Yangon

ညောင်ဦးမြို့မှ ထွက်လာသည့် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၅ ဦး သေဆုံး

Must read

ရန်ကုန်၊ မေ ၂၁

မန္တလေးတိုင်း၊ ညောင်ဦးမြို့မှ ထွက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း People’s Democratic Army – PDA မှ စစ်ရေးတာဝန်ခံ ရဲဘော်အုပ်စိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

မေလ ၂၀ ရက်နေ့ ညောင်ဦးမြို့မှထွက်လာသော အင်အား ၉၀ ကျော်ပါအကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ပြည်သူ့ဒီမိုကရက်တစ်တပ်တော်မှ တော်လှန်ရေး ရဲဘော်များက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ၊တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ဒရုန်း ၁ စင်း ချို့ယွင်းပျက်စီးခဲ့ပြီး အကြမ်းဖက် စစ်သား ၅ ဦး သေဆုံးကာ တော် လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေး အနည်းဆုံး ၅ ကောင်သေတယ်လို့ သိရတယ်။ ၈ ဦးထိရှိတယ်လို့ သတင်း ကြားပေမယ့် သေချာအတည်မပြုနိုင်သေးတာ အခုသူတို့ အထိနာလို့ အခြားတစ် ဖက် ကနေ စစ်ကြောင်းတစ်ကြောင်းထပ်ထိုးဖို့ ပြင်ဆင်နေတယ်လို့ ကြားရတယ်။ စစ်ကောင်စီ စစ်ကြောင်းထိုးလာရင် အတတ်နိုင်ဆုံး ရှောင်းရှားစေချင်တာပါ။ ပြည်သူပါလာရင် အလုပ်လုပ်ရတာ ကတ်သပ်ပါတယ်။ ပြည်သူတွေကို ဒီနေ့ဆို တစ်ချို့နေရာမိုင်းကွင်းတွေမှာ အလစ်ငိုက်မိပေမဲ့ ပြည်သူတွေ ထိခိုက်မှုများနိုင်လို့ အလုပ်မလုပ်ခဲ့ရတာတွေရှိပါတယ်” ဟု People’s Democratic Army – PDA မှ စစ်ရေးတာဝန်ခံ ရဲဘော်အုပ်စိုးကပြောဆိုသည်။

စစ်တပ်က ပြည်သူ ၁၀ ဦးခန့်ကိုလည်း လူသားဒိုင်း အဖြစ် ဖမ်းဆီးထားပြီး ဂျိုးကန်ကျေးရွာသို့ ၀င်ရောက်စီးနင်းကာ ပြည်သူပိုင်ပစ္စည်းများကို လုယူခဲ့ကြောင်း၊ ဘေးပတ်ဝန်းကျင်ရှိ ကျေးရွာများမှ ပြည်သူ ၄၀၀၀ ခန့်မှာလည်း စစ်ဘေး တိမ်းရှောင် နေရကြောင်း သိရှိရသည်။

လက်ရှိအခြေအနေတွင် ပြည်သူများ အနေဖြင့် ရှေ့တန်းတိုက်ပွဲဝင် ရဲဘော်တွေအတွက် ပြည်သူ့ဒီမိုကရက်တစ်တပ်တော်က ပြုလုပ် နေသည့် “ဟန်ချက် ညီညီ…ပန်းတိုင်ဆီ” သိန်း ၆၀၀ကျည်ကာ ကမ်ပိန်းလေးကိုလည်း ပါဝင်အားဖြည့်ပေးကြရန် မေတ္တာရပ်ခံတိုက်တွန်းသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article