29 C
Yangon

Khit Thit သတင်းဌာန၏ မေ ၂၂ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မေ ၂၂ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်အတွင်း စစ်ရဟတ်ယာဉ် ပစ်ချခံရမှုမှာ ရဟတ်ယာဉ်မှူးတွေ နဲ့ လေတပ် အဖွဲ့ဝင်တွေ အပါအဝင် ရဟတ်ယာဉ်ပေါ်ပါလာတဲ့ စစ်ကောင်စီဝင်တွေအကုန်လုံး သေကုန်ကြတဲ့ သတင်းကို စစ်ကောင်စီက ဖုံးကွယ်ထားပြီး ၊ ရဟတ်ယာဉ်ဟာ စက်ချို့ယွင်းပြီးပျက်ကျတယ်ဆိုပြီးတော့သာ တပ်တွင်းထဲမှာ သတင်းဖြန့်ထားတယ်လို့ စစ်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

ထိုင်းမြန်မာနယ်စပ်က စစ်ကောင်စီရဲ့ မော်ခီး တပ်စခန်းကိုပါ စတင်ထိုးစစ်ဆင်တိုက်ခိုက်နေပြီလို့ ထိုင်း-မြန်မာနယ်စပ် စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

ပဲခူးတိုင်း ၊ နတ်တလင်းမြို့နယ်က ကွင်းကျယ် ကျေးရွာမှာရှိတဲ့ အကြမ်းဖက် စစ်ကော်စီတပ် အထိုင်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခြေမှုန်းမှုအတွင်း စခန်း ၁ ခုလုံးကို စီးနင်းနိုင်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၈ ဦးကတော့ အသီးသီး သေကုန်ကြသလို ၊ ကျန်တဲ့စစ်သားတွေကတော့ စခန်းကို ထားခဲ့ပြီး အကုန်လုံးထွက်ပြေးသွားကြတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article