25 C
Yangon

ဆားလင်းကြီးမြို့နယ်၊ လင်းစားကျက်ရွာကို စစ်တပ်က ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးပြီး ပြည်သူ ၁ဝဝ ကျော်ကို ဖမ်းဆီးထား၊ ဘုတလင် မောင်းထောင်ရွာရှိ နေအိမ် ၄ လုံးကိုလည်း စစ်တပ်က မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ ဇွန် ၁၂

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လင်းစားကျက်ရွာကို အကြမ်းဖက် စစ်တပ်က ဇွန်လ ၁၂ ရက်နေ့တွင် ဝင်ရောက် စီးနင်း မီးရှို့ပြီး ပြည်သူ ၁ဝဝ ကျော်ကို ကျေးရွာ ဘုန်းကြီးကျောင်းတွင် ဖမ်းဆီးထားကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်သည် လင်းစားကျက်ရွာကို ဝင်ရောက် စီးနင်းပြီးနောက် ပြည်သူ ၁ဝဝ ကျော်ကို ဖမ်းဆီး စစ်ဆေးမှုများပြုလုပ်ကာ ဂွေးဂုဏ်ရွာသို့ သွားရောက်ရန် ပြုလုပ်နေကြောင်း သိရသည်။

” ညနေ ၃ နာရီလောက်မှာ တစ်ရွာလုံးနီးပါး အရှို့ခံရတာပါ။ ပြည်သူ ၁ဝဝ ကျော်လောက်ကိုလည်း ဘုန်းကြီးကျောင်းထဲမှာ ဖမ်းဆီးထားပြီး စစ်ဆေးတာတွေ လုပ်နေတယ်။ လင်းစကျက်ရွာက စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်း အစပ်မှာပါ။ အခုတော့ ခွေးသားတွေက လင်းစကျက်ရွာကို မီးရှို့ပြီး ဂွေးဂုဏ်ရွာဘက်ကို သွားဖို့ လုပ်နေပါတယ်။ ဒေသခံ ပြည်သူတွေ ကျေး ရွာ ထဲကို ပြန်မဝင်ရဲသေးတော့ ရွာထဲက အခြေအနေတွေကို မသိရသေးဘူး” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် မောင်းထောင်ရွာကိုလည်း အကြမ်းဖက် စစ်တပ်က ဇွန်လ ၁၂ ရက်နေ့တွင် ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် နေအိမ် ၄ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်သည် မောင်းထောင်ရွာအတွင်းရှိ ပြည်သူပိုင်နေအိမ် ၄ လုံးနှင့် ဆန်စက် ၁ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံ ပြည်သူများလည်း ရွာလုံးကျွတ် ထွက်ပြေးနေရကြောင်း သိရသည်။

” မောင်းထောင်ရွာက ပြည်သူပိုင် နေအိမ် ၄ လုံးနဲ့ ဆန်စက် ၁ လုံးကို စစ်ခွေးတွေက မီးရှို့သွားတယ်။ ဒေသခံ ပြည်သူတွေလည်း ရွာလုံးကျွတ် ထွက်ပြေးနေရတယ်။ အနီးအနားရွာတွေကိုလည်း စစ်တပ်က ဝင်စီးတာတွေလုပ်တယ်။ အနီးအနားရွာတွေက ပြည်သူတွေပါ ထွက်ပြေးနေရတယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

အကြမ်းဖက် စစ်တပ်သည် မောင်းထောင်ရွာ အနီးအနားရှိ လယ်တီရွာမှ ပြည်သူ ၂ ဦးကို ပစ်သတ်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း ဒေသခံပြည်သူများက အတည်မပြုနိုင်သေးကြောင်း ပြောဆိုသည်။

လက်ရှိအချိန်တွင် မောင်းထောင်ရွာ ပြည်သူများနှင့် အနီးအနားဝန်းကျင်ရှိ ပြည်သူများပါ ဘေးလွတ်ရာသို့ ထွက်ပြေးနေရပြီး စစ်တပ် ကျေးရွာများအတွင်း တပ်ဖြန့်ကာ တပ်စွဲထားကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article