ဒီကနေ့ ဇွန် ၃ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
အကြမ်းဖက် စစ်ကောင်စီက အခုဇွန်လ အကုန်အထိ သူတို့စစ်တပ်ဘက် အပစ်ရပ်တယ်ဆိုပြီး ကြေညာပြီးတဲ့အချိန်မှာပဲ AA ၊ TNLA နဲ့ MNDAA မြောက်ပိုင်းညီနောင် မဟာမိတ် ၃ ဖွဲ့ကလည်း အပစ်အခတ်ရပ်စဲရေးကို ဇွန်လ အကုန်အထိ ၁ လထပ်မံ တိုးမြှင့်တယ်လို့ ကြေညာလာပါတယ်။
-အကြမ်းဖက် စစ်ကောင်စီက အလိုရှိနေတဲ့ နိုင်ငံရေးလှုပ်ရှားသူတွေအပါအဝင်၊ CDM တွေနဲ့ စစ်ပြေးရဲပြေး စုစုပေါင်း လူအယောက် ၅ သောင်းစာရင်းနဲ့ ကိုယ်ရေးအချက်အလက်တွေကို ရုရှား နည်းပညာ PSMS Application မှာ ကနဦး ထည့်သွင်းပြီး နိုင်ငံတစ်ဝန်းလုံခြုံရေးဂိတ်တချို့မှာ စစ်ဆေးနေတယ်လို့ နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
ကရင်ပြည်နယ် ထိုင်း-မြန်မာနယ်စပ်က အကြမ်းဖက် စစ်ကောင်စီရဲ့ တပ်စခန်းတွေကို တစ်ခုပြီးတစ်ခု သိမ်းပိုက်လာနေတဲ့ KNLA ပူးပေါင်းတပ်တွေဟာ နောက်ထပ် အဲဒီထိုင်းမြန်မာနယ်စပ်က စစ်ကောင်စီရဲ့ သေ့ဘောဘိုးတပ်စခန်းကိုပါ စတင်ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
