25.2 C
Yangon

သာယာဝတီမြို့နယ် ဂုံမင်းမြောင်ဟွာရှိန် အထည်ချုပ် စက်ရုံတွင် လုပ်ခလစာ တိုးမြှင့်ပေးရန် တောင်းဆိုသည့် အမျိုးသား ဝန်ထမ်းများကို စက်ရုံက စစ်မှု ထမ်းခိုင်းရန် စစ်တပ်ခေါ် ဖမ်းခိုင်းမည်ဟု ခြိမ်းခြောက်နေ

Must read

ရန်ကုန်၊ ဇွန် ၃

ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်ရှိ ဂုံမင်းမြောင်ဟွာရှိန် အထည်ချုပ် စက်ရုံတွင် လုပ်ခလစာ တိုးမြှင့်ပေးရန် တောင်းဆိုခဲ့သည့် အမျိုးသား ဝန်ထမ်းများကို မန်နေဂျာများက စစ်မှုထမ်းခိုင်းရန် စစ်တပ်ခေါ်၍ ဖမ်းခိုင်းမည်ဟု ခြိမ်းခြောက်ပြောဆိုနေကြောင်း စက်ရုံ ဝန်ထမ်းများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၃၁ ရက်နေ့တွင် သာယာဝတီမြို့နယ်ရှိ ဂုံမင်းမြောင်ဟွာရှိန် အထည်ချုပ်စက်ရုံတွင် စက်ရုံ လုပ်သား ၃၀၀၀ ကျော်က အနည်းဆုံး တစ်ရက် လုပ်ခ ငွေကျပ် ၁၂၀၀၀ နှင့် ရက်မှန်ကြေးငွေကျပ် ၆၀၀၀၀ တိုးပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုတောင်းဆိုမှု အတွင်း စက်ရုံဘက်က တစ်ရက် လုပ်ခလစာကို တိုးပေးခြင်းမရှိဘဲ ရက်မှန်ကြေးသာ တိုးပေးမည်ဟု ပြောဆိုခဲ့ကြောင်း၊ ထိုသို့ ရက်မှန်ကြေး တိုးပေးခြင်းကို လက်ခံပါက အကြမ်းဖက် စစ်တပ်ခေါ်၍ အမျိုးသား ဝန်ထမ်းများကို စစ်မှုထမ်းရန် ဖမ်းဆီးခိုင်းမည်ဟု စက်ရုံ မန်နေဂျာများက ထပ်မံ ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း သိရှိရသည်။

“စက်ရုံဘက်က ပြောတာက တစ်ရက်လုပ်ခ လစာကို တိုးမပေးဘူးပေါ့။ ရက်မှန်ကြေးပဲတိုးပေးမယ်လို့ ပြောတယ်။ အဲလို ရက်မှန်ကြေး တိုးပေးတာကို လက်ခံရင်လည်း စက်ရုံမှာရှိတဲ့ အမျိုးသား ဝန်ထမ်းတွေကို စစ်တပ်ခေါ်ပြီး စစ်မှုထမ်းဖို့ ဖမ်းခိုင်းမယ်ဆိုပြီး ခြိမ်းခြောက်ပြောဆိုပါတယ်။ အဲတော့ ကျနော်တို့ တောင်းဆိုမှုက ဘာမှ အရာမထင်ပါဘူး။ မူလ လစာအတိုင်း ဆက်ပြီး အလုပ်လုပ်ရမယ့် သဘောပဲပေါ့” ဟု စက်ရုံ ဝန်ထမ်း တစ်ဦးကပြောဆိုသည်။

ဂုံမင်းမြောင်ဟွာရှိန် အထည်ချုပ် စက်ရုံတွင် စက်ရုံ လုပ်သား ၃၀၀၀ ကျော်ရှိပြီး တစ်ရက် လုပ်ခ ငွေကျပ် ၄၈၀၀ နှင့် ရက်မှန်ကြေး ငွေကျပ် ၂၀၀၀၀ သာ ရရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article