26 C
Yangon

Khit Thit သတင်းဌာန၏ ဇွန် ၇ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇွန် ၇ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

အကြမ်းဖက် စစ်ကောင်စီကို အပြည်ပြည်ဆိုင်ရာ ILO Article 33 နဲ့ အရေးယူမှုကြောင့် ပြည်သူ လူထုကို ထိခိုက်ဖို့မရှိဘဲ အကြမ်းဖက် မင်းအောင်လှိုင် မိသားစု စီးပွားရေး အပါအဝင် စစ်တပ်နဲ့ ဆက်နွယ်တဲ့ လုပ်ငန်းတွေ အပါအဝင် လေယာဉ်ဆီ နဲ့ နိုင်ငံခြားငွေစီးဆင်းမှုကို အဓိက ပစ်မှတ်ထား အရေးယူမှာဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (CTUM) ဥက္ကဋ္ဌ ဦးမောင်မောင်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

-အကြမ်းဖက် စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြို့ကြီးတွေမှာ ခိုးဆိုးလုယက်မှုတွေနဲ့ အကြီးအကျယ် ငွေလိမ်မှုတွေ မကြာခဏဖြစ်ပွားနေရာမှာ အခုတစ်ခါမှာလည်း မြန်မာနိုင်ငံမှာ နိုင်ငံတကာစတော့ ရှယ်ယာ နဲ့ ငွေကြေးစျေးကွက် Forex trading အတွင်း ရင်းနှီးမြှုပ်နှံဖို့ အတိုး ၁၅ ရာခိုင်နှုန်းပေး မယ်ဆိုပြီး ဒေါက်တာညီညီဆွေ ဆိုသူနဲ့ အဖွဲ့က လူပေါင်းများစွာဆီကနေ ငွေကျပ် သိန်းပေါင်း သောင်းနဲ့ချီပြီးတော့ကို လိမ်လည်သွားတယ်လို့ လိမ်လည်ခံရသူတွေက ရန်ကုန်ခေတ်သစ်ကို ပြောလာပြန်ပါတယ်။

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်က ကိုင်းယားရှည် ကျေးရွာမှာ ဂိတ်ထိုင်ပြီး ငွေကောက်နေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်က တပ်ကြပ်ကြီး စိုးရာဇာ ဆိုသူကို တော်လှန်ရေးရဲဘော်တွေက သွားရောက်ပစ်ခတ်ရှင်းလင်းရာမှာ နေရာမှာတင် ပွဲချင်းပြီးသေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article