29 C
Yangon

ပခုက္ကူ၊ အောင်သာပျူစခန်းမှ ပျူစောထီး ၁ ဦး မိသားစုများခေါ်ဆောင်ပြီး လက်နက်ခဲယမ်း များနှင့်အတူ အလင်း ဝင်၊ ယင်းမာပင်တွင်လည်း တပ်သားသစ် ကိုထက်လင်းအောင် လက်နက်ခဲယမ်းများယူဆောင် အလင်းဝင်

Must read

ရန်ကုန်၊ ဇွန် ၁၅

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အောင်သာရွာပျူစခန်းမှ ပျူစောထီးတစ်ဦး မိသားစုလိုက်ခေါ်ပြီး လက် နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ခဲ့ကြောင်း Ayar Daung တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇွန်လ ၁၂ ရက် နံနက် ၁၁ နာရီခန့်က ပခုက္ကူမြို့နယ်၊ အောင်သာပျူစောထီးစခန်းမှ ပျူစောထီးတစ် ဦးသည် မိသားစုလိုက်ခေါ်ဆောင်ကာ G3 အမျိုးအစားသေနတ် ၁ လက်၊ ကျည်ဘောက် ၈ ဘောက်၊ ကျည် ၃၅၆ တောင့်၊ အီကွေးမန့် ၁ စုံ၊ အီနာဂါဗုံးသီး ၁ လုံးတို့ယူဆောင်ကာ ပခုက္ကူခရိုင် ပကဖ လှုပ်ရှားတပ်ဖွဲ့ ၅ ဧရာဒေါင်းတပ်ဖွဲ့ထံအလင်းဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သူ့မိသားစုတွေကတော့ လွတ်မြောက်နယ်မြေမှာ ပို့ထားပါတယ်။ အလင်းဝင်လာတဲ့သူကတော့ စစ်ကောင်စီကို ပြန်တော်လှန်မယ်ပါ့မယ်တဲ့၊ ကျန်ရှိနေတဲ့ ပျူတွေအနေနဲ့လည်း အမြင်မှန်ရပြီး အ လင်းဝင်ကြဖို့ ဖိတ်ခေါ်ပါတယ်” ဟု Ayar Daung တပ်ဖွဲ့မှ တာဝန်ရှိသူက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ထိုသို့ အလင်းဝင်ရောက်လာသည့် ပျူစောထီးကို ပခုက္ကူခရိုင်ပ.က.ဖ လှုပ်ရှားတပ် တပ်ဖွဲ့ ၅ ဧရာ ဒေါင်း တပ်ဖွဲ့မှ ဆုငွေ ကျပ်သိန်း ၅၀ ချီးမြှင့်ပေးအပ်ခဲ့ကာ လုံခြုံစိတ်ချရသည့်နေရာသို့ပို့ဆောင် ပေးထားကြောင်း သိရသည်။

ထို့အတူ ဇွန်လ ၇ ရက်နေ့ မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ရဟတ်ယာဉ်ဖြင့် ကန့်ဒေါင့်စခန်းသို့ စစ်ကူပို့ဆောင်ခံရသော အင်အား၁၄၀ ပါ အနက်မှ တပ်သားသစ် ကိုထက်လင်းအောင် (ခ) ကိုကျော်ကိုက ယင်းမာပင်ခရိုင် အမှတ်(၁၂) တပ်ရင်းသို့ ထွက်ပြေး အလင်းဝင်လာကြောင်း၊ ၎င်းနှင့်အတူ MA 1 ၁ လက်၊ ကျည် ၄၅ တောင့်၊ ဗုံး ၁လုံး၊ ၁၄ မိုင်း ၁လုံးနှင့် အလင်း၀င်ရောက် လာကြောင်း ယင်းမာပင်ခရိုင် အမှတ် ၁၂ တပ်ရင်းက သတင်းထုတ်ပြန်သည်။

အဆိုပါ အလင်းဝင်လာသူ တပ်သားသစ် ကိုထက်လင်းအောင်(ခ) ကိုကျော်မှာ အချုပ်ကျနေရာမှ တပ်သားသစ်အဖြစ် စုဆောင်းခံရပြီး ၂၀၂၄ ခုနှစ် အောက်တိုဘာလ အမှတ် ၅ ခြေမြန်တပ်သားသစ်အဖြစ် ခေါ်ဆောင်ခံရသူဖြစ်ကြောင်း၊ ရေနီမြို့နှင့် တောင် ငူ မြို့တို့တွင် စစ်သင်တန်း ၅ လနှင့် စစ်မြေပြင် ၂ လ တာ၀န်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article