ဒီကနေ့ ဇွန် ၁၇ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-မြန်မာနိုင်ငံမှာ ပြည်သူကို ဗုံးကျဲသတ်ဖြတ်နေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်က လေယာဉ်ပိုင်းလော့တွေကို မက်လုံးပေးတဲ့အနေနဲ့ MAI MNA အပါအဝင် အရပ်ဘက်လေ ကြောင်းလိုင်းတွေမှာ လေယာဉ်မှူးတွေအဖြစ် လုပ်ကိုင်ခွင့်ရအောင် လုပ်ခွင့်ပေးတာတွေ ရှိနေတယ်လို့ မြန်မာ့လေကြောင်း သတင်းရင်းမြစ်က ရန်ကုန် ခေတ်သစ်ကို ပြောပါတယ်။
မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာကို သူတို့ကသာ ကာကွယ်စောင့်ရှောက်နေရပါတယ်ဆိုပြီး တတွင်တွင်ပြောနေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကပဲ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဇီးတော ကျေးရွာက စစ်ဘေးရှောင် ပြည်သူတွေ နေထိုင်ရာ ဘုန်းကြီးကျောင်းကို လေယာဉ်နဲ့လာပြီး ဗုံးကျဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံးခဲ့ရပြီး ဘုရားစေတီနဲ့ ဘုန်းကြီးကျောင်းဆောင်တွေလည်း ပျက်ဆီးထားတယ်လို့ ဒေသခံ ပြည်သူတွေက ရန်ကုန် ခေတ်သစ်ကို ပြောပါတယ်။
အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စ္စကို မြို့မှာ ပြုလုပ်တဲ့ တေးသံရှင်လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့ ရောင်နီ Live in ဆန်ဖရန်စ္စကို ဂီတပွဲကို လူဦးရေ ၁၀၀၀ ဝန်းကျင် တက်ရောက်ခဲ့ကြပြီး ပွဲကနေ စုစုပေါင်း ရန်ပုံငွေ အမေရိကန် ဒေါ်လာ ၁၄၅၀၀၀ ရရှိခဲ့တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
