31 C
Yangon

အာဏာရှင်ဟောင်း သန်းရွှေ၏ ကိုယ်ရေးအရာရှိ စိုးရှိန် အိမ် ဗုံးပစ်ခံရဟုဆို၊ ဒေါပုံတရားရုံးတွင်လည်း ဗုံးတွေ့

Must read

ရန်ကုန်၊ ဇွန် ၁၆

အာဏာရှင်ဟောင်း သန်းရွှေ၏ ကိုယ်ရေးအရာရှိ စိုးရှိန် အိမ် ယနေ့ နေ့လယ် ပိုင်း ဗုံးပစ်ခံရကြောင်း အကြမ်းဖက် စစ်တပ် ထောက်ခံသည့် လော်ဘီ သတင်း ဌာနတစ်ခုက သတင်းဖော်ပြသည်။

ရန်န်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြိုနယ်၊ (ဃ) ရပ်ကွက်၊ မေဓာဝီ လမ်း နှင့်ခေမာသီလမ်းထောင့်ရှိအာဏာရှင်ဟောင်း သန်းရွှေ (ငြိမ်း) ၏ ကိုယ် ရေးအရာရှိ စိုးရှိန် (ငြိမ်း) ၏ နေအိမ်ကို ဇွန်လ ၁၆ ရက် မွန်းတည့် ၁၂ နာရီ အချိန် က လက်လုပ်ဗုံးဖြင့် ပစ်သွားခြင်းဖြစ်ပြီး လက်လုပ်ဗုံးသည် နေအိမ် ရှေ့ပလတ်စတစ်အဖီပြားများပေါ် ကျရောက်ပေါက်ကွဲပြီး လူထိခိုက် မှုမရှိဘဲ နေအိမ်မှန်အချို့ နှင့်ပလတ်စတစ် အမိုးပြားများ ပေါက် ကွဲ ကြောင်း၊နေအိမ် တွင် အိမ်စောင့်မှလွဲပြီး မည်သူမရှိဟု အကြမ်းဖက် စစ်လော်ဘီ သတင်း ဌာန တစ်ခုက သတင်းဖော်ပြထားသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သတင်းပေးပို့ ဆက်သွယ်လာသော မြောက် ဥက္က လာပ ဒေသခံတစ်ဦးက (ဃ) ရပ်ကွက်တွင် သန်းရွှေ၏ ကိုယ်ရေးအရာရှိ‌ နေအိမ်ရှိသည်ဟု ဒေသခံများက မသိရှိကြကြောင်း၊ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ သည် မှာ တစ်ရပ်ကွက်လုံးကြားရကြောင်း ပြောဆိုသည်။

“သန်းရွှေ PSO အိမ်လို့တော့ မသိဘူး။ အဲဒီဗုံးပေါက်တဲ့နားမှာ အိမ်ကြီးအိမ် ကောင်း တွေ ရှိတယ်။ ဗုံးပေါက်တယ်။ တော်တော် ကျယ်တယ် ဗုံးပေါက်တဲ့ အသံ။ယမ်းနံ့တွေပါ ရတာ။ သန်းရွှေ PSO လို့တော့ မသိဘူး။ အဲဒါ ဟုတ် မ ဟုတ် လည်း ကျနော် မသိဘူး။ ဗုံးပေါက်တာတော့ ဟုတ်တယ်။ ဒီနားက လူ တိုင်းကြားလိုက်တယ် ဗုံးပေါက်တဲ့အသံကို” ဟု ဒေသခံတစ်ဦး က ပြောဆိုသည်။

အလားတူ ယနေ့ ဒေါပုံမြို့နယ်ရှိ တရားရုံးအနီးတွင် မပေါက်ကွဲ သေးသော လက် လုပ်ဗုံးတစ်လုံးကို ယနေ့ နံနက်ပိုင်း ၁၀ နာရီဝန်းကျင်အချိန်တွင် စစ် တပ် က လာရောက်သိမ်းဆည်းသွားကြောင်း၊ ၁၅ မိနစ်ခန့် ကားလမ်း ပိတ် ဆို့ စစ်ဆေးမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဓာတ်ပုံ- ၂၀၁၀ ခုနှစ် တရုတ်ကို သွားရောက် လည်ပတ်သည့် အာဏာရှင် ဟောင်း သန်းရွှေ၊ ဇနီးဒေါ်ကြိုင်ကြိုင်၊ စိုးရှိန်(ညာအစွန်လူ) တို့ကို တွေ့ရစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article