25 C
Yangon

ပုဏ္ဏားကျွန်းမြို့တွင် စျေးဝယ်ထွက်လာသည့် စစ်သား ၂ ဦး ဓားထိုးခံရပြီး သေဆုံး

Must read

ရန်ကုန်၊ ဇွန် ၁၆

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့တွင် ယနေ့ မွန်းလွဲပိုင်း စျေးဝယ်ထွက်လာသည် စစ်သား ၂ ဦး ဓားထိုးခံရပြီး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဇွန်လ ၁၆ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန် ပုဏ္ဏားကျွန်းအခြေစိုက် ခလရ ၅၅၀ တပ်ရင်းမှ စစ်သည် ၂ ဦး စျေးဝယ်ထွက်လာစဉ် ဓားဖြင့် အထိုးခံရခြင်း ဖြစ် ကြောင်း ၊ ဓားဖြင့် ထိုးမှုကြောင့် စစ်သား ၂ ဦးစလုံး ပွဲချင်းပြီး သေဆုံးသွား ကြောင်း သိရှိရသည်။

“စစ်သား ၂ ဦး အဆွဲခံရပြီးတော့ ဓားထိုးခံရတယ်။ ပွဲချင်းပြီးသေသွားတယ်” ဟု ပုဏ္ဏားကျွန်းမြို့ခံတစ်ဦးက ပြောဆိုသည်။

စစ်သား ၂ ဦးကို ဓားဖြင့် ထိုးခံရပြီး သေဆုံးသွားသည့် ဖြစ်စဉ်တွင် မည်သည့် အဖွဲ့က လုပ်ဆောင်သည်ကို မသိရှိရသေးပေ။

လတ်တလော ရခိုင်ပြည်နယ်တွင် စစ်တပ်နှင့် AA တို့အကြား တင်းမာမှုများ ဖြစ်ပွား နေပြီး မကြာသေးမီကလည်း ကျောက်တော်မြို့ပေါ်တွင် စစ်သား ၂ ဦးကို AA က ဖမ်းဆီးမှု ဖြစ်ပွားခဲ့ကာ နှစ်ဖက် စစ်ရေး တင်းမာလျက် ရှိနေ ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article