21 C
Yangon

Khit Thit သတင်းဌာန၏ ဇွန် ၁၆ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇွန် ၁၆ ရက် ညနေပိုင်း ရရှိထားတဲ့သတင်းတွေကတော့
-အကြမ်းဖက်စစ်ကောင်စီ အတွင်းရေးမှူး အောင်လင်းဒွေးရဲ့ မိတ်ဆွေ ဒုဗိုလ်မှူးကြီးဟောင်း နေမျိုးရဲ့ ဇနီးဖြစ်သူ ၊ ကျန်းမာရေး ညွှန်ချုပ် ဒေါက်တာ မြင့်မြင့်သန်းဟာ အဂတိလိုက်စားမှုတွေ နဲ့ တိုင်ကြားခံရ ပေမယ့်လည်း အရေးယူခံရမှု မရှိဘဲ ပစ် စာ အဆင့် ရောက်ရှိသွားတယ်လို့ နေပြည်တော် သတင်းရင်း မြစ်တွေဆီကနေ သိရပါတယ်။
– လာမယ့် ဇွန်လ ၂၂ ရက်မှာ ကျင်းပမယ့် အာဆီယံကာကွယ်ရေး ဝန်ကြီးများအစည်းအဝေး ADMM (၁၆) ကြိမ်မြောက်မှာ အကြမ်းဖက်မြန်မာစစ်တပ်ရဲ့ ကာကွယ်ရေးဝန်ကြီး မြထွန်ဦးကို ဖိတ်ကြားထား တာပယ်ဖျက်ဖို့ တောင်းဆိုမှုများ မြင့်တက်နေပါတယ်။
– ချင်းပြည်နယ်၊ မင်းတပ်မြို့ အခြေစိုက်၊ အကြမ်းဖက် စစ်ကောင်စီရဲ့ ခလရ ၂၇၄ က ဇွန်လ ၁၆ ရက်နေ့ မနက် ၉ နာရီခွဲ ဝန်းကျင်မှာ မွီတွီ-ရွာအတွင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပြီး ဒေသခံ ပြည်သူ ၃ ဦး လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့တယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး သတင်းအဖွဲ့ ဆီက နေသိရပါတယ်။
– စစ်ကိုင်းတိုင်း ၊ ရွှေဘိုမြို့နယ်၊ ပေါက်ချိုင် ကျေးရွာကို အကြမ်းဖက် စစ်ကောင်စီတပ်က ဇွန်လ ၁၂ ရက်နေ့မှာ ဝင်ရောက်စီးနင်းခဲ့ပြီး ပြည်သူပိုင်နေအိမ် ၁၀၃ လုံးကို မီးရှို့ ဖျက်ဆီးသွားတဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article