26.8 C
Yangon

ပုသိမ်-မုံရွာ လမ်းပိုင်းတွင် စစ်ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံး

Must read

ရန်ကုန်၊ ဇွန် ၂၀

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ ပုသိမ်-မုံရွာ လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ်၏ စစ်ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံးခဲ့ကြောင်း ယင်းမာပင်မြို့နယ် မဲမှောင်ပြည်သူ့ကာကွယ်တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လ ၁၉ ရက်နေ့တွင် ယင်းမာပင်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ တပ်ရင်း ၂၈ ၊ အကြိုးကန်းကုန်းနှင့် ယမ်စီဝမ်ပေါင်မှ ထွက်လာသော စစ်ယာဉ်တန်းကို မြောက်ယမားချောင်း အရောက်တွင် တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းမိုင်းဆွဲတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံးပြီး ၁ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် မိုင်းဆွဲ တိုက်ခိုက်မှု ပြုလုပ်ခဲ့သော နေရာကို တော်လှန်ရေး တပ်ဖွဲ့များက နယ်မြေရှင်းလင်းရေး ပြုလုပ်စဉ် ထိခိုက်ပျက်စီးသွားသော စစ်အသုံးအဆောင် ပစ္စည်းတချို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

“ကျနော်တို့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်တော့ ပျက်စီးသွားတဲ့ စစ်အသုံးအဆောင်တချို့ကို သိမ်းဆည်းနိုင်ခဲ့ပါတယ်။ ဆက်လက်ပြီး ထိထိရောက်ရောက် တိုက်ခိုက်နိုင်ဖို့ လက်နက်ခဲယမ်းတွေ လိုအပ်နေလို့ ပြည်သူလူထုတစ်ရပ်လုံးက တတ်နိုင်တဲ့ ဘက်ကနေ ပါဝင်ကူညီလှူဒါန်းပေးဖို့ မေတ္တာရပ်ခံတောင်းဆိုပါတယ်။ မဲမှောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စစ်အာဏာရှင် အမြစ်ပြတ်စေရေးအတွက် အပြင်းအထန်ခက်ခက်ခဲခဲ ရုံးကန်တိုက်ခိုက်နေပါတယ်” ဟု မဲမှောင်ပြည်သူ့ကာကွယ်တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင်မြို့နယ်၊ မဲမှောင်ပြည်သူ့ကာကွယ်တပ်ဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ဆက်လက် မိုင်းထုတ်လုပ်ရေးနှင့် လက်နက်ခဲယမ်းများဝယ်ယူ ဖြည့်တင်းနိုင်ရန်အတွက် ပြည်ပရောက် ထောက်ပို့ညီအကိုများနှင့် စစ်အာဏာရှင်အမြစ်ပြတ်စေလိုသည့် ပြည်သူလူထုများအနေဖြင့် ပါဝင်ကူညီ လှူဒါန်းပေးပါရန် မေတ္တာရပ်ခံထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article