By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇွန် ၁၇ ရက် နေ့လယ်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့
-အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် PNO/PNA အဖွဲ့က ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသမှာ တစ်အိမ်ကို ငွေကျပ် ၃၀,၀၀၀ အဓမ္မ ကောက်ခံနေပြီး ၊ ပျူစော ထီးလို အဖွဲ့တွေဖွဲ့ဖို့ စာရင်း ကောက်ယူနေတာကြောင့် ပအိုဝ်းလူငယ်တွေဟာ ရွှေ့ပြောင်း လုပ်သား အဖြစ် နဲ့ ထိုင်းနိုင်ငံကို ထွက်ပြေးသူများ ပြားနေပါတယ်။
– မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ် နဲ့ ပျူစောထီးတွေ ကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့တွေက ဇွန်လ ၁၅ ရက်နေ့ မနက်ပိုင်းမှာ လက်နက်ကြီတွေ နဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား နဲ့ ပျူစောထီး ၁၃ ဦးသေဆုံးခဲ့တယ်လို့ Black God (မြိုင်) ပြောက်ကျား တပ်ဖွဲ့ဆီကနေ သိရပါတယ်။
– တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာ ၂ ရွာက ပြည်သူ ၃ ဦးကို အကြမ်းဖက် စစ်ကောင်စီတပ်က ဇွန်လ ၁၆ ရက်နေ့ ညပိုင်းမှာ ပစ်သတ်ခဲ့ပြီး၊ ၁ ဦး ဒဏ်ရာရတဲ့အပြင် ၊ အခြား ၁ ဦးမှာသေနတ်သံတွေကြောင့် နှလုံးရပ် သေဆုံးသွားတဲ့သတင်းတွေအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။