30 C
Yangon

ရွှေဘိုတွင် PDF မဟာမိတ်တပ်ပေါင်းစုနှင့် တိုက်ပွဲဖြစ်ပြီး စစ်တပ် ဗိုလ်ကြီး အေးဝင်းထွန်း အပါအဝင် စစ်သား ၃၅ ဦးသေဆုံးကာ PDF ၂ ဦးကျဆုံး၊ ချောင်းဦး-မြင်းမူလမ်းပိုင်းတွင် မိုင်းဆွဲခံရပြီး စစ်သား ၁၀ ဦးသေဆုံး

Must read

ရန်ကုန်၊ ဇွန် ၁၇

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် ဇွန်လ ၁၂ ရက်နေ့ တိုက်ပွဲဖြစ်ပြီး ဗိုလ်ကြီးအေးဝင်းထွန်း အပါအဝင် စစ်သား ၃၅ ဦး သေဆုံးကြောင်း MDF-Shwebo-Myanmar Defense Force(MDF) က သတင်းထုတ်ပြန်သည်။

ဇွန်လ ၁၂ ရက်နေ့တွင် ရေဦးဘက်မှ စတင်စစ်ကြောင်းထိုးလာသော အကြမ်း ဖက် စစ်ကောင်စီတပ်များသည် ရွှေဘိုမြို့နယ်၊ ရွာစိုးရွာ နှင့်ပေါက်ချိုင်ကျေး ရွာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ဝင်ရောက်လာခဲ့ပြီး ပေါက်ချိုင်ကျေးရွာရှိ အိမ်ခြေ (၁၀၇)လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ကျန်ကျေးရွာများဆီသို့ ဆက် လက် စစ်ကြောင်းထိုးလာရာ ရွှေဘိုအနောက်ဘက်ခြမ်းတွင် မဟာမိတ် ညီ နောင် များဖြစ်ကြသော C&T SHWEBO(Ldf)၊ Snake Eyes (Ldf)၊ ဒေါင်းမာန် (Ldf)၊ ဗိုလ်ကျားရိုင်း(Ldf)၊ ALPHA-7(Ldf)၊ မဟူရာဇီးကွက် (ဒီပဲယင်း)၊ ပြုံးရွှင်(ဒီပဲယင်း)၊ Flying Dragon Force(ဒီပဲယင်း)၊ ရွှေဂျိုးဖြူ (အရာတော်)၊ Shwebo Justice Force၊ ရွှေဘိုခရိုင် ရင်း-၅ တပ်ခွဲ (၃)နှင့် MDF-Shwebo တို့က တိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီ ဘက်မှ ဗိုလ်ကြီးအေးဝင်းထွန်း အပါအဝင် စစ်ကောင်စီဘက်တော်သား ၃၅ ဦး သေဆုံးကြောင်း သိရှိရသည်။

PDF တပ်ပေါင်းစုများဘက်မှလည်း ရဲဘော် ဦးကျော်လွင်(ရွှေဘို)နှင့် ကိုရဲမင်းနိုင်(ဒီပဲယင်း)တို့ နှစ်ဉီးကျဆုံးခဲ့ကြောင်း သိရှိရသည်။

အလားတူ စစ်ကိုင်းတိုင်း ချောင်းဦး-မြင်းမူ လမ်းပိုင်းတွင် ဇွန်လ ၁၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်က မိုင်းရှာနေသော အကြမ်းဖက် စစ်တပ် တပ်ဖွဲ့ဝင်များကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၁ဝ ဦးသေဆုံးခဲ့ကြောင်း Natogyi Regional Defence Force – NRDF တပ်ဖွဲ့ ထံမှ သိရသည်။

အကြမ်းဖက် စစ်တပ်သည် မန္တလေးမှ စစ်ကား ၅ စီးဖြင့်ထွက်ခွာလာပြီးနောက် ချောင်းဦး-မြင်းမူလမ်းပိုင်းတွင် ခြေလျင်ဆင်းလျှောက်ကာ မိုင်းရှာနေစဉ် ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက မိုင်း ၄ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်သား ၁ဝ ဦး သေဆုံးကာ စစ်ကား ၁ စီးဖြင့် သေဆုံး ဒဏ်ရာရ စစ်သားများ တင်ဆောင်သွားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို စစ်ကိုင်းခရိုင် တပ်ရင်းအမှတ် ၄ – MSPDF၊ ဗိုလ်နေတိုး ပြောက်ကျား အထူးတပ်ဖွဲ့၊ Natogyi Regional Defence Force – NRDFနှင့် Burmese Guerrilla Force (BGF) တို့က ပူးပေါင်း တိုက်ခိုက် ခဲ့ခြင်း ဖြစ်ကြောင်း NRDF တပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article