ရန်ကုန်၊ ဇွန် ၁၈
တောင်ကိုရီးယားရောက် မြန်မာများက စစ်ကောင်စီမှတစ်ဆင့် လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ အကူအညီများပေးရန် ဆုံးဖြတ်မှုအပေါ် ကန့်ကွက်ကြောင်း အင်ဒိုနီးရှားသံရုံးရှေ့တွင် ယနေ့ ဆန္ဒပြကြသည်။
ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပခဲ့သော အာဆီယံအစည်းအဝေးတွင် မြန်မာ နိုင်ငံသို့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများပေးရေးကို အကြမ်းဖက် စစ်ကောင်စီမှတစ်ဆင့် အကူအညီများပေးရန် ဆုံးဖြတ် ခဲ့ သည့်အပြင် စစ်ကောင်စီအလိုကျ လိုက်လျောခြင်းများ ပြုလုပ်နေမှုများကို ရပ်တန့်ပေးရန် ဆန္ဒပြကြခြင်းဖြစ်သည်။
ထို့ပြင် မြန်မာပြည်သူများ၏တရားဝင်အစိုးရဖြစ်သည့် အမျိုးသား ညီညွတ် ရေးအစိုးရမှ တစ်ဆင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူ အညီ များပေးအပ်သွားရေးအတွက် ပြည်ပရောက် မြန်မာနိုင်ငံသားများမှ အာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့် ကမ္ဘာ့အလှူရှင်များအား မြန်မာဘာသာ/ ကိုးရီး ယား ဘာသာ/အင်္ဂလိပ်ဘာသာ စကား၃မျိုးဖြင့် အလေးအနက် တောင်းဆို ဆန္ဒ ပြခြင်းကို ယနေ့ ဇွန်လ ၁၈ရက်နေ့တွင် NSTK အဖွဲ့က ဦးဆောင်ကာ တောင် ကို ရီး ယားရောက် မြန်မာများက အင်ဒိုနီးရှားသံရုံးရှေ့တွင် ဆန္ဒထုတ်ကြသည်။
ထို့ပြင် ကန့်ကွက်လွှာများကို သက်ဆိုင်ရာအင်ဒိုနီးရှားသံရုံးကိုပေးအပ် ခဲ့ ကြ ကြောင်း သိရှိရသည်။