24.9 C
Yangon

Khit Thit သတင်းဌာန၏ ဇွန် ၂၈ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇွန် ၂၈ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

-မြန်မာနိုင်ငံမှာ သင်္ဘောသားအလုပ်အကိုင်နဲ့ စစ်မှုထမ်း တိမ်းရှောင်ဖို့ ပြည်ပ ထွက်ခွာသူများလာတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အကြမ်းဖက် စစ်ကောင်စီက အသက် ၂၅ နှစ်အထက် လူငယ်တွေကို သဘော်သားအလုပ် လုပ်ခွင့်မပေးတော့ပဲ ပိတ်ပင်လိုက်ပြီလို့ ရန်ကုန်မြို့ အခြေစိုက်သင်္ဘောသားအလုပ်အကိုင် အေဂျင်စီသင်တန်း ကျောင်းတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

ရန်ကုန်တိုင်းအဝင် အမှတ် ၃ ဂိတ် နဲ့ လမ်းဆုံဂိတ်တွေမှာ အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ရဲတွေရဲ့ ငွေညှစ် တောင်းယမ်းမှုတွေဟာ ပိုမိုဆိုးရွားလာနေပြီး ၊ ပြည်သူတွေကို ရိုက်နှက် ဆဲဆိုတဲ့အထိ ရမ်းကား လာတယ်လို့ ခရီးသွားပြည်သူအများစုက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်က အကြမ်းဖက် စစ်ကောင်စီရဲ့ ညောင်ကုန်းရဲစခန်းအနီး ဆက်ကြေး ကောက် နေတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်မှုအတွင်း စစ်တပ် ဘက်က အရာခံဗိုလ် ၁ ဦးအပါအဝင် ၄ ဦးကတော့ အသီးသီး သေကုန်ကြတဲ့အပြင် သူတို့ဆီကနေ သေနတ် ၃ လက်နဲ့ မသာအလောင်းတွေပါ ရရှိထားတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article