မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အတွင်းမှ PDF တပ်ဖွဲ့ဝင် အဖြစ်ထမ်းဆောင်ရန် ရောက်ရှိလာသည့် အသက်မပြည့်သူ ကလေး သူငယ် ၄ ဦးကို မိဘအုပ်ထိန်းသူများထံသို့ ပြန်လည်အပ်နှံပေးလိုက်ကြောင်း မြင်းခြံခရိုင် ပကဖ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဇွန်လ ၂၀ ရက်နေ့ နွားထိုးကြီးမြို့နယ်အတွင်းနေ အသက် ၁၅ နှစ်အရွယ်နှင့် ၁၇ နှစ်အရွယ် လူ ငယ် ၄ ဦးသည် PDF တပ်ဖွဲ့ဝင်အဖြစ် ထမ်းဆောင်ရန် အွန်းလိုင်းမှတဆင့် ဆက်သွယ်၍ တော်လှန် ရေး အဖွဲ့အစည်းတစ်ခုထံသို့ ဝင်ရောက်ခဲ့ကြောင်း၊ ထိုသို့ ဝင်ရောက်လာခဲ့ပြီးနောက် အသက် မပြည့် သေးသည့် ကလေးသူငယ်များဖြစ်နေသည်ကို စိစစ်တွေ့ရှိရသဖြင့် မြင်းခြံခရိုင်ပကဖထံသို့ ဆက်သွယ်ကာ မိဘအုပ် ထိန်းသူထံ ပြန်လည်အပ်နှံပေးရန်တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက် မြင်းခြံခရိုင်ပကဖက ဇွန်လ ၂၆ ရက်နေ့တွင် မိဘများထံသို့ ပြန်လည် ပေးအပ်မည့် အသက်မပြည့်သော လူငယ်များကို လက်ခံကာ ဇွန်လ ၂၇ ရက်နေ့တွင်ု မိဘအုပ်ထိန်းသူများသို့ ပြန်လည် ခေါ်ယူ အပ်နှံပေးလိုက်ကြောင်း သိရသည်။
“ယောက်ျားလေး ၄ ယောက်ပါ၊ အသက် ၁၅ နှစ် နှစ်ယောက်ပါတယ်၊ ၁၇ နှစ်ထဲမှာ နှစ်ယောက်ပါ တယ်။ တော် လှန်ရေးအင်အားစုထဲမှာ ရှိတဲ့အဖွဲ့တစ်ခုနဲ့ ဆိုရှယ်ကနေချိတ်ဆက်ပြီးတော့ ဝင်ရောက် သွားတာ၊ သူတို့ဆီရောက်သွားမှပဲ ဒီအဖွဲ့အစည်းကလည်း ဝင်လာသူတွေက အသက်မပြည့်ဘူးဆိုတာ သိရတာ၊ သိတဲ့ အတွက်ကြောင့် ဒီကလေးတွေက ကျနော်တို့ မြင်းခြံခရိုင်နယ်မြေထဲကဖြစ်တဲ့အတွက်ကြောင့် ကျ နော်တို့ ခရိုင်ပကဖကို ဆက်သွယ်လာတာ၊ အဲဒါကြောင့် ကျနော်တို့ အခုလိုစီစဉ်ဆောင်ရွက် လိုက် တာပါ၊” ဟု မြင်းခြံခရိုင်ပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။
မြင်းခြံခရိုင်ပကဖအနေဖြင့် ပြည်သူများနှင့်အတူ တစ်သားတည်းရှိနေပြီး ကလေးငယ်များ၏ လုံခြုံ ရေး၊ မိဘများ၏ လုံခြုံရေး အခြေအနေကို တွက်ချက်ကာ ပြန်ပို့၍ ရသည့်အနေထားဖြစ်သောကြောင့် ပြန်လည်အပ်နှံပေးလိုက်ခြင်းဖြစ်ကြောင်း၊ ထို့အပြင် ဂျနီဗာကွန်ဗန်းရှင်းနှင့်အညီ ဆောင်ရွက် နေကြောင်း အသိပေးထားသည်။
