21 C
Yangon

ရေတာရှည်မြို့နယ်၊ ဒေါင့်အင်းကုန်းရွာရှိ စစ်ကောင်စီတပ်ဖွဲ့ကို PDF များ ဝင်တိုက်၍ စစ်သား ၄ ဦး သေဆုံး၊ ဂန့်ဂေါတွင်လည်း အကြမ်းဖက်စစ်ကြောင်း ပစ်ခတ်တိုက်ခိုက်ခံရပြီး စစ်သား ၅ ဦး သေဆုံး

Must read

ရန်ကုန်၊ ဇွန် ၁၉

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် ဒေါင့်အင်းကုန်းကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်တပ်ကို ဇွန်လ ၁၅ ရက် ညနေ ၆ နာရီဝန်းကျင်တွင် ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၄ ဦး သေဆုံးကြောင်း ရေတာရှည် PDF တပ်ခွဲ ၂ က သတင်းထုတ်ပြန်သည်။

စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းရှိ ဒေါင့်အင်းကုန်းကျေးရွာတွင် တပ်စွဲထားသော အင်အား ၅၀ ခန့်ရှိသော စစ်ကောင်စီတပ်ဖွဲ့ကို ရေတာရှည် ပြည်သူ့ကာကွယ်ရေး ရှားလော့တပ်ဖွဲ့နှင့် NTDF (သံတောင်မြောင်ပိုင်း အထူးတပ်ဖွဲ့) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အလားတူ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရမ်းကျေးရွာမှ ထွက်ခွာလာသော အင်အား ၂၀၀ ကျော်ပါ စစ်ကောင်စီတပ်ဖွဲ့ကို သင်တောရွာအနီးတွင် YRPA နှင့် ပကဖ ရဲဘော်များ ပူးပေါင်းကာ ဇွန်လ ၁၈ ရက် နံနက် ၇ နာရီတွင် မိုင်းခွဲပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၅ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများလည်း ရှိကြောင်း သတင်းရရှိသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ကို PDF-(701)Gangaw Battalion (YRPA) တပ်ခွဲ (3) မှရဲဘော်အချို့နှင့် ပကဖ မှ ရဲဘော်အချို့တို့ ပူးပေါင်းကာ ရှေ့ထွက်ပြောင်းများဖြင့် မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကာကွယ်ရေးရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

ဓါတ်ပုံ – YRPA တပ်ဖွဲ့ဝင်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article